BEC-TERO TV

သရုပ်ဆောင် အိုယွန်းဆော အန်ဂျယ်ဟွန်းနဲ့ အမှန်တကယ် ဖောက်ပြန်ခဲ့သလား?

01 Oct 2019     1,435 Views


မြန်မာပရိတ်သတ်တွေ F4 မင်းသမီးလေး ဂင်ဂျန်ဒီလို့ သိကြတဲ့ သရုပ်ဆောင် ဂူဟဲဆောင်းန် ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့မှာ ခင်ပွန်းသည် အန်ဂျယ်ဟွန်းက သူမကို ကွာရှင်းလိုတဲ့အကြောင်း လူမှုကွန်ယက်မှာ အသိပေးကြေငြာလိုက်ပါတယ်။

အန်ဂျယ်ဟွန်း ဘက်က ကွာရှင်းလိုပေမယ့် ဂူဟဲဆောင်းန်ဘက်က ကွာရှင်းလိုစိတ် တစ်စက်မှ မရှိသေးကြောင်း ရှေ့နေမှ တစ်ဆင့် အသိပေးပြောကြားထားပါတယ်။ တစ်ဖန် ဂူဟဲဆောင်းန်ဘက်နေပြီး အန်ဂျယ်ဟွန်း လတ်တလော ရိုက်ကူးနေတဲ့ ဒရာမာ ဇာတ်လမ်းတွဲက မင်းသမီးနဲ့ ဟိုတယ်မှာ ဖောက်ပြန်နေတာကို သက်သေနှင့်တကွ တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အန်ဂျယ်ဟွန်း လက်ရှိရိုက်ကူးနေတဲ့ ဒရာမာဇာတ်လမ်းတွဲ “People with flaws” မှ မင်းသမီး အိုယွန်းဆော က သတင်းအမှားတွေ လွှင့်ရင် တရားစွဲမယ်လို့ အေဂျင်စီမှတစ်ဆင့် ထုတ်ပြန်ကြေငြာထားပေမယ့် ခုထိတော့ အမှုဖွင့် တရားစွဲဆိုတာမျိုးမရှိသေးပါဘူး။

အိုယွန်းဆော လတ်တလော တင်လိုက်တဲ့ အင်စတာဂရမ် ဓာတ်ပုံကြောင့် ပရိတ်သတ်တွေ အိုယွန်းဆောကို သံသယရှိလာကြပါတယ်။ အိုယွန်းဆော ကမ်းခြေရောက်နေတဲ့ ဓာတ်ပုံနှင့်တကွ “ကျွန်မ ပျော်ရွှင်ချင်တယ်” ဆိုတဲ့ စာသားကို ရေးသားပြီးတင်ခဲ့ပါတယ်။

အိုယွန်းဆောဟာ အန်ဂျယ်ဟွန်းနဲ့ အမှန်တကယ်ပဲ ဖောက်ပြန်နေသလား၊ ဂူဟဲဆောင်းန်ဘက်က ရှေ့နေကတော့ သက်သေအခိုင်အလုံရှိနေတာမို့ တရားရုံးမှာ သက်သေတွေနဲ့ အမှုနိုင်အောင် ရင်ဆိုင်သွားမယ်လို့ အတိအလင်းပြောထားပါတယ်။ လက်ရှိမှာ အိုယွန်းဆောဘက်က ဘာကိုမှ တုံ့ပြန်ထားခြင်းမရှိတာကြောင့် အိုယွန်းဆော ပရိတ်သတ်တွေကသူမဘက်ကနေပြီး အထိနာနေကြပါတယ်။

“တစ်ခုခုတော့ ပြန်လုပ်သင့်တယ်မထင်ဘူးလား? အခုလို မဟုတ်တန်းတရား ပြောနေတာကိုလေ၊ တရားစွဲတာမျိုးတော့ လုပ်သင့်တယ်။”
 
“အစ်မက ဘာမှ ပြန်မပြောတော့ အမှန်တကယ် ဖောက်ပြန်နေတဲ့ ပုံပေါ်နေပြီ သိရဲ့လား” အစရှိသဖြင့် အင်စတာဂရမ် ကော်မန့်တွေမှာ ရေးသားထားကြပါတယ်။

Ref:koreaboo

(ပိုပိုေလး)


01 Oct 2019     1,435 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS