BEC-TERO TV

အိမ်ကွင်းမှာ စံချိန်တင်ဂိုးပြတ်ရှုံးနိမ့်မှုနဲ့ ကြုံတွေ ့ခဲ့တဲ့ စပါး

02 Oct 2019     1,348 Views


ချန်ပီယံလိဂ်အုပ်စု(B) ရဲ ့ဒုတိယမြောက်ပွဲစဉ်ဖြစ်တဲ့ စပါးအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ပွဲစဉ်မှာ စပါးအသင်းဟာ အိမ်ကွင်းမှာ (၂-၇) ဖြင့်အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့် စပါးအသင်းဟာ ဥရောပပြိုင်ပွဲတွေရဲ ့အိမ်ကွင်းမှာ ပေးဂိုးအများဆုံးအင်္ဂလန်အသင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
 
စပါးအသင်းဟာ ဆွန်ဟောင်မင် ၊ဟာရီကန်း ၊ အယ်လီ ၊ အန်ဒွန်ဘီလီ ၊ ဟယ်ရီဝင့်တို့နဲ့ တောင့်တင်းတဲ့ လူစာရင်းနဲ့ ဘိုင်ယန်မြူးနစ်ကို ယှဉ်ဆိုင်ဖို့  ပွဲထွက်လာခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ရဲ ့တိုက်စစ်တွေဖြစ်ကြတဲ့ လီဝန်ဒေါစကီး ၊ နာဘရီ ၊ ကော်တင်ဟို၊ တို့ပါဝင်တဲ့ တိုက်စစ်ကိုယှဉ်ပြိုင်နိင်ခဲ့ခြင်းမရှိပါဘူး။

ပွဲအစ(၁၂) မိနစ်မှာတင် စပါးအသင်းဟာ ဆွန်ဟောင်မင်ရဲ ့သွင်းဂိုးနဲ့ ဦးဆောင်ဂိုးသွင်းနိင်ခဲ့ပေမယ့် ချက်ချင်းဆိုသလို့ ဘိုင်ယန်မြူနစ်အသင်းဟာ (၁၅) မိနစ်မှာ ကင်မစ်ချ်ဟာ လှပတဲ့ အဝေးကန်ချက်နဲ့ ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။ထို့နောက် ပထမပိုင်းအထိ စပါးအသင်းဟာ ကောင်းမွန်တဲ့ ခြေစွမ်းကို ပိုင်ဆိုင်ထားပေမယ့် ပ-ပိုင်းပြီးခါနီးမှာပဲ ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီရဲ ့ဂိုးနဲ့ဦးဆောင်ခြင်းခံခဲ့ရပါတယ်။

ထို့နောက် ဒုတိယပိုင်းပြန်စချိန််မှာ စပါးအသင်း ပင်နယ်တီရရှိခဲ့ပြီး တိုက်စစ်မှူး ဟာရီကိန်းက ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။ နောက်ပိုင်းပွဲချိန်တွေမှာတော့ ဘိုင်ယန်မြူးနစ်ကို ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ ၅၃ ၊ ၅၅ ၊ ၈၃ ၊ ၈၈ ၊ မိနစ်တို့မှာ နာဘရီက ဂိုးတွေဆက်တိုက်သွင်းယူခဲ့ပြီး ၈၇ မိနစ်မှာ လီဝန်ဒေါစကီးက နောက်ထပ်သွင်းဂိုးတစ်ဂိုးကို ထပ်မံသွင်းယူလိုက်ပါတယ်။

ဒါကြောင့် စပါးအသင်းဟာ ၂ ပွဲကစားထားပြီးအခြေအနေမှာ ရမှတ် (၁) မှတ်သာရရှိထားပြီး နောက်လာမယ့်ပွဲစဉ်တွေမှာ ရုံးကန်ရတော့မှာဖြစ်ပါတယ်။ စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖိုင်နယ်အထိရောက်ရှိခဲ့ပြီး ဒီနှစ်မှာတော့ အုပ်စုအဆင့်ကနေလှည့်ပြန်ရတော့မှာလား ဆိုတာကို စောင်ကြည့်သွားရတော့မှာဖြစ်ပါတယ်။

 


02 Oct 2019     1,348 Views




RELATED

Most Popular of Football

Most Popular of Sport