BEC-TERO TV

ထိုင်ဝမ်နိုင်ငံ အရှေ့ပိုင်းဒေသမှာ တံတားတစ်စင်း ပြိုကျမှုဖြစ်စဉ် ဖြစ်ပွား

02 Oct 2019     1,807 Views


 
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်တုန်းက ထိုင်ဝမ်နိုင်ငံ အရှေ့ပိုင်းဒေသမှာ တံတားတစ်စင်း ပြိုကျမှု ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ တံတားပြိုကျမှုကြောင့် အောက်မှာသွားနေတဲ့ ငါးဖမ်းရေယာဉ် ပေါ်မှ အနည်းဆုံး အလုပ်သမား (၁၀) ယောက်အထက် ဒဏ်ရာရရှိသွားခဲ့ပြီး လူနှစ်ဦးပျောက်ဆုံးတယ်လို့ သိရပါတယ်။ ဒါ့အပြင် အပေါ်ကနေဖြတ်သွားနေတဲ့ ရေနံတင် သဘောၤလည်း အောက်ကိုပြုတ်ကျခဲ့ပါတယ်။ 
 
ဒဏ်ရာရရှိနေတဲ့ လူတွေကို ဆေးရုံသို့ပို့ဆောင်ထားပြီး အဲ့ဒီအထဲ့မှာ ဖိလစ်ပိုင် နဲ့ အင်ဒိုနီရှား ငါးဖမ်းလုပ်သားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ အဆိုပါ ဖိလစ်ပိုင် နဲ့ အင်ဒိုနီရှား ငါးဖမ်းလုပ်သားတွေဟာ သူတို့ မိခင်နိုင်ငံမှာထက် ထိုင်ဝမ်မှာ ဝင်ငွေပိုရတာကြောင့် လာရောက်လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။
 
ဒီတံတားဟာ ၁၉၉၉ ခုနှစ်ကမှ တည်ဆောက်ပြီးစီးခဲ့တာဖြစ်ပြီး နှစ် (၂၀) သာသက်တမ်းရှိသေးတာကြောင့် ဘာကြောင့် ပြိုကျခဲ့ရလဲဆိုတာကိုတော့ မသိရသေးပါဘူး။ တံတားအရှည်ဟာ ၁၄၀ မီတာ(၄၆၀ ပေ) ခန့်ရှည်လျားပြီး ထိုဝမ်း အရှေ့တောင်ဘက်မှာရှိတဲ့ မြို့ကြီးတွေကို သွားလာနိုင်ဖို့ တည်ဆောင်ထားတာလို့ သိရပါတယ်။
 


02 Oct 2019     1,807 Views




RELATED

Most Popular of International News

Most Popular of NEWS