BEC-TERO TV

“ မြောက်လန်ဒန်က အနီရောင် ” လို့ စပါးအသင်းကို လှောင်ပြောင်ခဲ့တဲ့ နာဘရီ

02 Oct 2019     1,401 Views


 
မနေ့က ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များယှဉ်ပြိုင်ကစားခဲ့ကြပြီး လန်ဒန်ကလပ် စပါးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၂-၇ ဖြင့်အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။ အဆိုပါပွဲမှာ ၄ ဂိုးသွင်းယူကာ သူရဲကောင်းဖြစ်ခဲ့တဲ့ နာဘရီက စပါးအသင်းကို တွက်တာ လူမှုစာမျက်နှာကနေ လှောင်ပြောင်မှု ပြုလုပ်သွားခဲ့ပါတယ်။
 
နာဘရီဟာ အာဆင်နယ်အသင်းရဲ့လူငယ်ကစားသမားတစ်ဦးခဲ့ပြီး အခုအချိန်မှာတော့ ဘိုင်ယန်မြူနစ်အသင်းမှာ ခြေစွမ်းပြကစားနေတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ တစ်ခါက အနီရောင်အင်္ကျ ီဝတ်ဆင်ခဲ့တဲ့ နာဘရီဟာ မြောက်လန်ဒန် ခါးသီပြိုင်ဘက်ဖြစ်တဲ့ စပါးအသင်းကို ကိုယ်တိုင် ၄ ဂိုးသွင်းယူပြီး ဂိုးပြတ်အနိုင်ရှိပြီးနောက် လှောင်ပြောင်ခဲ့တာဖြစ်ဖြစ်ပါတယ်။
 
နာဘရီက တွက်တာ စာမျက်နှာမှာ “ မြောက်လန်ဒန်က အနီရောင်ပါ ” လို့ တွက်တာ စာမျက်နှာမှာ ရေးသားပြီး ဂိုးသွင်းယူပြီး သူ့အောင်ပွဲခံတဲ့ ပုံတွေနဲ့တင်ခဲ့ပါတယ်။ ဒါကို အာဆင်နယ် ပရိတ်သတ်တွေက သဘောကျခဲ့ပြီး သူပို့စ်အောက်မှာ ပွဲကျခဲ့ကြပါတယ်။
 
 
နာဘရီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်ပွဲတည်း ၄ ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက် ဂျာမန်ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ နာဘရီဟာ အာဆင်နယ်အသင်း၏ လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ဝါဒါဘရီမင်အသင်းက သူ့ကိုခေါ်ယူခဲ့ပါတယ်။ ထို့နောက်မှာတော့ ဘိုင်ယန်မြူနစ်အသင်းက ခေါ်ယူလိုက်ပြီး ဟောဖန့်ဟိန်းအသင်းမှာ အငှားချထားခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ နှစ်မှာတော့ ဘိုင်ယန်မြူနစ်အသင်းက သူ့ကို အသင်းမှာ နေရာပေးခဲ့ပြီး အခုချိန်မှာတော့ သူဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ထိုက်တန်တဲ့နေရာဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။
 

02 Oct 2019     1,401 Views




RELATED

Most Popular of Football

Most Popular of Sport