BEC-TERO TV

‘Takata’ အသက်ကယ်လေအိပ်များ ပေါက်ကွဲနိုင်သဖြင့် ချက်ခြင်းလဲရန် သတိပေး

04 Oct 2019     1,449 Views


Toyota RAV 4, Honda CR-V, Honda Insight တို့အပါအဝင် အခြားကား အမှတ်တံဆိပ်မျိုးစုံမှာ စက်ရုံမှ တပ်ဆင်ပေးထားသော ‘Takata’ အမျိုးအစား အသက်ကယ်လေအိပ်များမှာ အချိန်မရွေး ပေါက်ကွဲထွက်မယ့် အန္တရာယ်ရှိနေကြောင်း သြစတေးလျနိုင်ငံ စားသုံးသူများ ကော်မရှင်က စစ်ဆေးတွေ့ရှိပြီးနောက်မှာ ယာဉ်ပိုင်ရှင်တွေကို အမြန်ဆုံး ချက်ခြင်း အခမဲ့လာရောက် လဲလှယ်တပ်ဆင်ကြဖို့ နှိုးဆော်လိုက်ပါတယ်။

‘Takata’ လေအိပ်တပ်ဆင်ထားတဲ့ ကားများရဲ့ စာရင်းကို သြစတေးလျ စာသုံးသူများ ကော်မရှင်က ထုတ်ပြန်ထားရာ Audi, BMW, Cadillac တို့လို တန်ဖိုးကြီး အမှတ်တံဆိပ်တွေကစပြီး မြန်မာနိုင်ငံမှာ လူသုံးများနေတဲ့ Toyota, Honda, Nissan, Mazda စတဲ့ ကားတွေပါ ပါဝင်ပါတယ်။

ဖော်ပြထားသော စာရင်းတွင် “Alpha” နဲ့ “Critical” အမှတ်အသားနှစ်ခု ပါရှိပြီး၊ ယင်းအမှတ်အသားပါသော ကားမော်ဒယ်လ်များအနေနဲ့ အန္တရာယ်အလွန်ရှိတဲ့အတွက် ချက်ခြင်း လာရောက်လဲလှယ်ဖို့ တိုက်တွန်းထားပါတယ်။

အဆိုပါ စာရင်းများကို ဝင်ရောက်ကြည့်ရှုရာ မြန်မာနိုင်ငံမှာ လူအသုံးများသော ကားများဖြစ်တဲ့ Honda (Insight , Civic , CR-V 4 , Accord) ၊ Toyota(Corolla , RAV 4) တို့ ပါဝင်နေတာကို တွေ့ရပါတယ်။

မော်ဒယ်နှစ်အလိုက် အတိအကျကို ဤနေရာတွင် ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။

သြစတေးလျနိုင်ငံမှာတော့ ကားပေါင်း ၂၀,၀၀၀ လောက်မှာ ‘Takata’ အသက်ကယ်လေအိတ်များ တပ်ဆင်ထားတဲ့အတွက် ချက်ခြင်းလာရောက် အစားထိုးလဲလှယ်ကြရန် နှိုးဆော်ထားပါတယ်။

မလေးရှားနိုင်ငံမှာလည်း Honda Malaysia က ‘Takata’ လေအိပ်တပ်ဆင်ထားတဲ့ ဟွန်ဒါအမှတ်တံဆိပ် ကားပေါင်း ၂၃,၄၇၆ စီးကို အသစ်လာရောက်လဲလှယ်ဖို့ ဆက်သွယ် အကြောင်းကြားနေကြပါပြီ။

အောက်ဖော်ပြပါ ကားမော်ဒယ်လ်များကို လေအိပ်တွေ အစားထိုးပြင်ဆင်ပေးတာ မလုပ်မခြင်း (လုံးဝ) မမောင်းနှင်ဖို့ ထပ်လောင်း သတိပေးထားပါတယ်။

ယာဉ်ပိုင်ရှင်များအနေနဲ့ မိမိရဲ့ကားက ဒီစာရင်းထဲမှာ ပါနေရင်တော့ သက်ဆိုင်ရာ ကားကုမ္ပဏီကို အမြန်ဆုံး ဆက်သွယ်အကြောင်းကြားသင့်ကြောင်း ဖော်ပြလိုက်ရပါတယ်။


04 Oct 2019     1,449 Views




RELATED

Most Popular of International News

Most Popular of NEWS