ခုချိန်ထိ ရည်းစားမရနိုင်သေးတဲ့အကြောင်းအရင်းကိုပြောပြလာတဲ့ Yoo Seung Ho
07 Oct 2019 2,102 Views

သရုပ်ဆောင် Yoo Seung Ho ဟာ အသက်အရွယ်အားဖြင့် 26 နှစ်သာရှိသေးပေမယ့် သူ့အနုပညာသက်တမ်းကတော့ နှစ် ၂၀ တိတိရှိသွားပါပြီ။ အသက် ၆ နှစ်အရွယ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ်ရပ်တည်လာတာဖြစ်လို့ သူ့ကို ပရိတ်သတ်ကြီး မျက်မှန်းတန်းမိလောက်မယ်ထင်ပါတယ်။
	
	
	ပုံမှန်အားဖြင့် ကလေးသရုပ်ဆောင်တွေဟာ ငယ်ရွယ်စဉ်မှာပဲ လူကြိုက်များတတ်ကြပြီး ကြီးလာတဲ့အခါ အနုပညာလောကကနေ ကွယ်ပျောက်သွားတတ်ကြပါတယ်။ ဒါပေမဲ့ Yoo Seung Ho ကတော့ ကလေးဘဝကတည်းက အောင်မြင်မှုကို ယနေ့ထိ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
	
	
	
	အနုပညာသက်တမ်း အကြာကြီး ရှိပြီဖြစ်ပေမဲ့လို့ Yoo Seung Ho “ရည်းစားထားနေတယ်” ဆိုတဲ့အကြောင်းအရာမျိုး မီဒီယာတွေမှ တစ်ခါမှ တက်မလာဖူးပါဘူး။ လတ်တလော အင်တာဗျူးမှာတော့ အချစ်ရေးနဲ့ပတ်သတ်တဲ့ အကြောင်းအရာလေးတွေကို ပြောပြလာပါတယ်။
	
	
	“ကျွန်တော် အမှန်တကယ်ပဲ တစ်စုံတစ်ယောက်နဲ့ ဒိတ်လုပ်ကြည့်ချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ကြိုက်တဲ့ မိန်းကလေးက တကယ်မရှိဘူးဗျ၊ ကျွန်တော်မညာပါဘူး ကျွန်တော့်ကို တကယ်ကြီး ဘယ်သူမှလာမကြိုက်ကြတာပါ” ဆိုပြီး ပြောပြလာပါတယ်။
	
	
	“ကျွန်တော့်မှာ ဘာများလိုအပ်နေလို့လဲ ဆိုပြီး အမြဲတွေးနေပေမယ့် ဘယ်လိုတွေးတွေးအဖြေကထွက်မလာဘူး၊ ကျွန်တော်လဲ အများနည်းတူ မိန်းကလေးတွေနဲ့ ဆုံတွေ့ စကားစမြည်လေးပြောဖူး၊ ဒိတ်ဖူးချင်ပါတယ်” ဆိုပြီး ပြောပြသွားပါတယ်။
	
	
	Yoo Seung Ho လို ရုပ်ချောတဲ့လူတောင် ရည်းစားရဖို့ခက်ခဲနေတာ ရုပ်မချောတဲ့ ကိုယ်တွေဆိုရင်တော့ အထွေအထူးပြောနေစရာကို မလိုတော့ပါဘူး။
	Ref:koreaboo
	(ပိုပိုလေး)
	 


 
		




