BEC-TERO TV

ဂူဟဲဆောင်းန်ရဲ့လုပ်ရပ်တွေက ခင်ပွန်းသည် အန်ဂျယ်ဟွန်း ထိခိုက်နစ်နာစေဖို့လား?

07 Oct 2019     1,693 Views


မြန်မာပရိတ်သတ်တွေ F4 မင်းသမီးလေးလို့သိကြတဲ့ သရုပ်ဆောင် ဂူဟဲဆောင်းန် ဟာ မကြာခင်မှာ ခင်ပွန်းသည် အန်ဂျယ်ဟွန်းနဲ့ အမှုရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။

ဂူဟဲဆောင်းန်ဟာ ခင်ပွန်းသည်နဲ့ ကွာရှင်းသတင်းထွက်ပြီးနောက် အနုပညာလောကကနေ အပြီးအပိုင်နှုတ်ထွက်တော့မည်ဖြစ်ကြောင်း ပရိတ်သတ်ကို သူမရဲ့ လူမှုကွန်ယက် အင်စတာဂရမ်မှတစ်ဆင့် အသိပေးခဲ့ပါတယ်။

ဒါပေမဲ့ ဂူဟဲဆောင်းန်ဟာ သူမပြောသလို အနုပညာအလုပ်တွေကို ရပ်နားထားခြင်းမျိုးမရှိသေးတာကို တွေ့မြင်နေရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအင်စတာဂရမ် ပို့စ်တွေအရ ဂူဟဲဆောင်းန်ဟာ "I'm your companion pet" အမည်နဲ့ စာအုပ်ထွက်ရှိထားပြီး လူမှုကွန်ယက်မှာ ပရိုမိုးရှင်းတွေ ဆက်တိုက်ဆင်းနေခဲ့ပါတယ်။

လတ်တလော အင်စတာဂရမ် ပို့စ်အရ "ဒီနေ့ဟာ ကောင်းသောနေ့" ဆိုတဲ့ စာသားနဲ့အတူ ဓာတ်ပုံသုံးလေးပုံလောက်ကိုလဲ တင်ထားပါသေးတယ်။

ဂူဟဲဆောင်းန်ဟာ ခင်ပွန်းသည် အန်ဂျယ်ဟွန်းကို သူမဘက်က ကွာရှင်းမပေးနိုင်တာကြောင့် အန်ဂျယ်ဟွန်းဖောက်ပြန်ထားတယ်ဆိုတဲ့ သက်သေတွေနဲ့ တရားရုံးမှာ အမှုရင်ဆိုင်သွားမှာဖြစ်ပြီး အန်ဂျယ်ဟွန်းကတော့ သူ့ကို လူမှုကွန်ယက်မှာစွပ်စွဲပြောဆိုထားတာတွေနဲ့ အပြန်အလှန် အမှုရင်ဆိုင်သွားမှာဖြစ်ပါတယ်။

 ဂူဟဲဆောင်းန် ဘက်က လူမှုကွန်ယက်မှာ အန်ဂျယ်ဟွန်း ဂုဏ်သိက္ခာထိပါးစေတဲ့ ပို့စ်မျိုးတွေ မျိုးစုံတင်ခဲ့ပေမယ့် အန်ဂျယ်ဟွန်းဘက်ကတော့ ဘာတစ်ခုမှ တုန့်ပြန်တာမျိုးမရှိခဲ့ပါဘူး။

အန်ဂျယ်ဟွန်းဘက်က တုန့်ပြန်မှုမရှိတာကြောင့် ဂူဟဲဆောင်းန် ပြောသမျှမှန်နေသလို အထင်မှားစရာကိစ္စရပ်တွေဖြစ်လာပါတော့တယ်။

ဂူဟဲဆောင်းန် အသစ်ထွက်ရှိထားတဲ့ "I'm your companion pet" ဆိုတဲ့ စာအုပ်ဟာဆိုရင် ခင်ပွန်းသည် အန်ဂျယ်ဟွန်းနဲ့ စတွေ့တဲ့အချိန်၊ သမီးရည်းစားဖြစ်ခဲ့တဲ့ အချိန်၊ အကြင်လင်မယား အဖြစ် နွေးနွေးထွေးထွေးရှိခဲ့တဲ့အချိန်လေးတွေအကြောင်းကို ရေးသားထားတဲ့ စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။ ခင်ပွန်းသည်နဲ့ ပြဿနာတွေဖြစ်ပြီးမှဒီစာအုပ်ကို ထုတ်ဝေတာဟာ ရည်ရွယ်ချက်ရှိရှိ ထုတ်ဝေလာတာလားဆိုပြီး စဉ်းစားစရာတွေဖြစ်လာပါတယ်။

ref:allkpop

(ပိုပိုလေး)

 

 

 

 

 


07 Oct 2019     1,693 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS