BEC-TERO TV

အဆိုတော် ဖြိုးပြည့်စုံ မူးယစ်ဆေးဝါးမှုနဲ့ အဖမ်းခံရ

08 Oct 2019     1,415 Views


ချိမြမြအသံလေးနဲ့ အချစ်သီချင်းတွေ၊ အသဲကွဲသီချင်းတွေကို ခံစားချက်အပြည့်သွင်းပြီး ပိုင်ပိုင်နိုင်နိုင်သီဆိုတတ်တာကြောင့် ပရိသတ်ရင်ထဲစွဲငြိခဲ့ရတဲ့ အဆိုတော်ဖြိုးပြည့်စုံကတော့ အားပေးသူပရိသတ်အခိုင်အမာနဲ့ အနုပညာဂီတလမ်းကြောင်းမှာ အောင်မြင်နေတဲ့အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။

ပရိသတ်တွေအတွက် သီချင်းတွေအများကြီးထွက်နိုင်အောင်ကြိုးစားနေတဲ့ အဆိုတော်ဖြိုးပြည့်စုံကို မနေ့က မြန်မာနိုင်ငံမူးယစ်ဆေးဝါးအဖွဲ့မှ ဆေးမှုနဲ့ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့သိရပါတယ်။ ကနဦးရရှိသည့်သတင်းများကြောင့် မူးယစ်အဖွဲ့မှ အဆိုတော်ဖြိုးပြည့်စုံနဲ့အတူ ‌တေးရေးဆရာနှစ်ယောက်အပါအဝင် စုစုပေါင်းသုံးယောက်ကို မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ မြန်မာပလာဇာတွင်ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဗဟန်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေတယ်လို့သိရပါတယ်။

ဖြိုးပြည့်စုံကို မူးယစ်ဆေးပြား (၁၀) ပြားနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ထိုအကြောင်းနဲ့ပတ်သက်လို့ ဗဟန်းမြို့နယ်ရဲစခန်းမှ ရဲမှူးသိန်းဝင်းရဲ့ထုတ်ပြန်ကြေညာချက်ဗီဒီယိုဖိုင်ကို ဖော်ပြပေးလိုက်ပါတယ်….

 

Video_MC

(ပိုပိုလေး)


08 Oct 2019     1,415 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment