BEC-TERO TV

Sulli ရဲ့သတင်းကိုကျော်ပြီး ဆိုရှယ်မီဒီယာတစ်ခုလုံးကို သိမ်းပိုက်သွားတဲ့ ဇေရဲထက်

16 Oct 2019     1,730 Views


လတ်တလော အင်တာနက်တစ်ခွင်မှာဖြစ်ပေနေတဲ့ စိတ်မကောင်းစရာသတင်းကြီးတစ်ခုကတော့ ကိုရီးယားမင်းသမီလေး Sulli ရဲ့ အဆုံးစီရင်သွားမှုကြီးပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ကောင်မလေးအဖြစ် အားလုံးကသိခဲ့ကြတဲ့ ကိုရီးယားနိုင်ငံက Idol မလေး Sulli တစ်ယောက် ပြင်းထန်တဲ့ဝေဖန်မှုဒဏ်တွေကြောင့် Depression ဝင်ကာ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားမှုကြီးက ကိုရီယားပြည်သူလူထုကြားမှာသာမက မြန်မာပြည်က K Pop ကို ရူးသွပ်ကြသူပရိသတ်တွေကြားမှာပါ အကြီးအကျယ်သွေးပျက်နေကြတာဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

လူတွေရဲ့ပါးစပ်တစ်ပေါက်ကထွက်လာတဲ့ ခါးသီးတဲ့ဝေဖန်မှုဒဏ်တွေကြောင့် စိတ်ကျရောဂါဝင်ပြီး ဘ၀ကြီးကိုလက်မြှောက်အရှုံးပေးသွားတဲ့ Sulli ကို အားလုံးကနှမြောတသဖြစ်နေသလို သူမရဲ့သေဆုံးမှုကိုလည်း ယူကြုံးမရဖြစ်နေကြတာပါ။ ကိုရီးယားမင်းသမီးလေး Sulli ရဲ့သေဆုံးမှုနဲ့ပတ်သက်ပြီး မင်းသားဇေရဲထက်မှလဲ သူ့ရဲ့အမြင်ကို ဝေဖန်ရေးသားခဲ့ပြီး ထို့နောက်မှာတော့ K popper တွေနဲ့ ဇေရဲထက်တို့ကြား နားလည်မှုတွေလွဲကာ အကြီးအကျယ်ပွဲဖြစ်လို့နေပါတယ်။

ဇေရဲထက်မှ Sulli ရဲ့သေဆုံးမှုကို စိတ်မကောင်းဖြစ်စွာ ဝေဖန်ရေးသားမိသော်လဲ Kpopper တို့က ဇေရဲထက်ရဲ့ရေးသားမှုတွေနဲ့ပတ်သက်ပြီး မကျေမချမ်းဖြစ်ကာ တိုက်ခိုက်မှုတွေစတင်ခဲ့တာဖြစ်ပါတယ်။ ဇေရဲထက်က သူရေးတင်ခဲ့တဲ့ပို့စ်ကို ပြန်လည်ဖျက်သွားခဲ့ပေမယ့် Kpopper တွေနဲ့ တစ်ချို့သောသူတွေက အပြင်းအထန်ဝေဖန်တိုက်ခိုက်လာတာကြောင့် ဇေရဲထက်ဘက်မှလည်း သူ့ကိုဆဲဆိုပြောဆိုသူတွေကို ရိုင်းစိုင်းစွာပြန်လည်တုန့်ပြန့်ပြောဆိုခဲ့ပြီး ပရိသတ်တွေနဲ့ ဇေရဲထက်ကြား အကြီးအကျယ်ပြဿနာဖြစ်နေခဲ့ပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့ထဲက ဖြစ်ပွားခဲ့တဲ့ ဇေရဲထက်နဲ့ ပရိသတ်တွေကြား အကြီးအကျယ်အချင်းများမှုကြီးက Sulli ရဲ့သေဆုံးမှုသတင်းကိုတောင် ဖုံးလွှမ်းကာ ဆိုရှယ်မီဒီယာတစ်ခုလုံးကို နေရာယူထားတာဖြစ်ပါတယ်။ ဇေရဲထက်ရဲ့ Fan တွေကလဲ သူ့ဘက်ကဝိုင်းဝန်းပြောဆိုပေးကြပေမယ့် တစ်လောကလုံးနဲ့တစ်ယောက်ဆိုသလို အင်အားတောင့်တင်းလှတဲ့ K Pop Fan တွေနဲ့ အကြီးအကျယ်ရန်ပွဲဖြစ်ပွားနေတဲ့ မင်းသားဇေရဲထက်ရဲ့ဇကို တစ်ချို့ကချီးကျူးနေကြပေမယ့် ဝေဖန်တဲ့ပရိသတ်တွေကို ရိုင်းစိုင်းစွာပြန်လည်ဆဲဆိုခဲ့မှုကြောင့် ဇေရဲထက်ကတော့ နာမည်ပျက်နဲ့ အားလုံးရဲ့ဝေဖန်ရှုံ့ချခြင်းကို ခံနေရပါတယ်။

တစ်ချို့သူတွေကလည်း ဇေရဲထက်နဲ့ ပရိသတ်တွေကြားက ပြဿနာရင်းမြစ်ကို ဝေဖန်သုံးသပ်ပြီး ဇေရဲထက်ဘက်မှ ကာကွယ်ပြောဆိုနေကြတာကိုလဲ တွေ့မြင်ရပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ လက်ရှိမှာတော့ Sulli ရဲ့သေဆုံးမှုသတင်းကိုတောင်ကျော်လွန်ကာ ဆိုရှယ်မီဒီယာတစ်ခုလုံးကို ဇေရဲထက်က သိမ်းပိုက်လိုက်တာပဲဖြစ်ပါတယ်။

 

(ပိုပိုလေး)


16 Oct 2019     1,730 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS