BEC-TERO TV

ဒေါ်ဥမ္မာလှိုင်မှ သားနှစ်ယောက်ကို သက်သေအဖြစ်ကင်းလွတ်ခွင့်ပေးဖို့ တရားရုံးကိုအသနားခံစာတင်

22 Oct 2019     1,279 Views


၂၀၁၉ ခုနှစ် မေလကဖြစ်ပွားခဲ့တဲ့ နေပြည်တော် Wisdom Hill မူကြိုကျောင်းက သမီးငယ်လေးဗစ်တိုးရီးယားရဲ့အမှုမှာတော့ တရားခံဟာ ကားဒရိုင်ဘာအောင်ကြီးဖြစ်တယ်လို့စွဲချက်တင်ကာ နေပြည်တော်ဒက္ခိဏခရိုင်တရားရုံးတွင် ရုံးတင်စစ်ဆေးနေဆဲဖြစ်ပါတယ်။ ထိုအမှုဟာ ပြည်သူတစ်ရပ်လုံးရဲ့စိတ်ဝင်စားမှုကို အများဆုံးရရှိထားတဲ့ အမှုတစ်ခုဖြစ်ပြီး အမှုမှန်ပေါ်ပေါက်ဖို့အတွက်လည်း အများပြည်သူတစ်ရပ်လုံးက သမီးလေးဗစ်တိုးရီးယားဘက်က အင်တိုက်အားတိုက်ရပ်တည်ပါဝင်ပြီး ဆန္ဒပြခဲ့ကြပါသေးတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

တရားခံဟာအောင်ကြီးလို့စွဲချက်တင်ခံထားရပေမယ့် သမီးငယ်လေးဗစ်တိုးရီးယားကို တရားရုံးကခေါ်ယူစစ်ဆေးမေးမြန်းခဲ့တဲ့အခါမှာတော့ တရားခံဟာလွဲချော်နေခဲ့ပါတယ်။ ထို့ကြောင့်လည်း တရားရုံးကတာဝန်ရှိတရားသူကြီးများနဲ့ ရှေ့နေများက  တရားခံအမှန်ကို ဖော်ထုတ်နိုင်ဖို့နဲ့ အမှန်တရားကိုအမြန်ဆုံးရရှိဖို့ အင်တိုက်အားတိုက်နဲ့ ဂရုတစိုက်စစ်ဆေးဆောင်ရွက်မှုတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။

ဗစ်တိုးရီးယားအမှုကို စစ်ဆေးမေးမြန်းနေစဉ်ကာလအတွင်းမှာပဲ Wisdom Hill မူကြိုကျောင်းရဲ့ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်မှ အောင်ကြီးဘက်မှလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဒေါ်စုဒါလီအောင်ကို တရားစွဲဆိုမှုပြုခဲ့ပါတယ်။ တရားစွဲခဲ့တဲ့အကြောင်းရင်းက သူမရဲ့သားနှစ်ယောက်နဲ့ပတ်သက်ပြီး ပြောဆိုချက်များသည် ကလေးနှစ်ယောက်ကိုထိခိုက်နစ်နာစေသည်ဟုဆိုကာ ကလေးသူငယ်များဆိုင်ရာပုဒ်မဖြင့် အရေးယူခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဗစ်တိုးရီးယားဖခင်၊ ဦးလေး၊ အဒေါ်ဖြစ်သူအပါအဝင် ဗစ်တိုးရီးယားရှေ့နေဖြစ်သူတို့ကိုပါ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။မနေ့ကအောက်တိုဘာလ ၂၁ ရက်နေ့မှာတော့ တရားလိုဒေါ်ဥမ္မာလှိုင်နဲ့ ရှေ့နေဒေါ်စုဒါလီအောင်တို့ရဲ့အမှုကို ပထမဆုံးအကြိမ်အဖြစ် နေပြည်တော် ပုဗ္ပသီရိတရားရုံးတွင် စတင်ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ တရားခွင်မှာတော့ ဒေါ်ဥမ္မာလှိုင်က သူမရဲ့သားနှစ်ယောက်ကို ဗစ်တိုးရီးယားအမှုရဲ့ တရားလိုပြသက်သေအဖြစ်မှ ကင်းလွတ်ခွင့်ပေးရန် အသနားခံစားတင်ထားကြောင်း ထွက်ဆိုပြောကြားခဲ့ပါတယ်။

သားနှစ်ယောက်ဟာ ကျန်းမာရေးမကောင်းဖြစ်ပြီး စိတ်ထိခိုက်ခံစားနေရတာကြောင့် ဗစ်တိုးရီးယားအမှုရဲ့ တရားလိုပြသက်သေအဖြစ်မှ ကင်းလွတ်ခွင့်ပေးရန် တရားရုံးကိုအသနားခံစာတင်ထားတယ်လို့သိရပါတယ်။ ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ဦးကို တရားလိုပြသက်သေအဖြစ်မှ ပယ်ဖျက်ခြင်းရှိမရှိကိုတော့ အသေအချာမသိရသေးဘူးလို့ ရှေ့နေဒေါ်စုဒါလီအောင်က ပြောကြားခဲ့ပါတယ်။ ဗစ်တိုးရီးယားအမှုရဲ့နောက်ထပ်ရုံးချိန်းကိုတော့ အောက်တိုဘာလ (၂၃) ရက်နေ့မှာ စစ်ဆေးမှုပြုလုပ်သွားမှာဖြစ်ပါတယ်။

 

(ပိုပိုလေး)


22 Oct 2019     1,279 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS