ပါကစ္စတန်မှာ ပေါက်ကွဲမှုကြောင့် လူ ၁၀ ဦး ထက်မနည်းသေဆုံး
14 Sep 2015 1,934 Views

ပါကစ္စတန်မှာ ပေါက်ကွဲမှုကြောင့် လူ ၁၀ ဦး ထက်မနည်းသေဆုံးပါကစ္စတန်နိုင်ငံ အလယ်ပိုင်း Multan မြို့ ဘတ်စ်ကားဂိတ်မှာ ပေါက်ကွဲမှုတရပ်ဖြစ်ခဲ့လို့ အနည်းဆုံး လူ ၁၀ ဦးသေဆုံးသွားပြီး ၆၀ နီးပါး ဒဏ်ရာရသွားပါတယ်။ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ တင်လာတဲ့ သုံးဘီးကားကို မော်တော်ဆိုင်ကယ်တစ်စင်းက ၀င်တိုက်ရာကနေ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ပါကစ္စတန်ရဲတွေက ပြောပါတယ်။ အစောပိုင်းကတော့ အဝေးထိန်းခလုတ်နဲ့ ထိန်းချုပ်ဖောက်ခွဲခဲ့တာလို့ ရဲတွေက ပြောကြားခဲ့တဲ့အတွက် အကြောင်းရင်းကိုတော့ အသေအချာ မသိရှိရသေးပါဘူး။ #piy myanmar#







