BEC-TERO TV

ဘတ်စ်ကားထိုင်ခုံမှာ အပ်တွေ ထောင်စိုက်ထားသူ ထောင်ဒဏ် ၇ နှစ် ကျခံဖွယ်ရာရှိ

22 Oct 2019     1,373 Views


ဟောင်ကောင်မှ အမျိုးသားတစ်ဦးဟာ ဘတ်စ်ကားစီးသူများ အပ်စူးမိစေရန် ရည်ရွယ်ပြီး ထိုင်ခုံ ဆိုဖာများအတွင်း လက်ချုပ်အပ်များ စိုက်ထားခဲ့ခြင်းနှင့် အလားတူအမှုများအတွက် ဖမ်းဆီးတရားစွဲဆိုခံထားရပြီး စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုများ ခံယူနေရသည်။

အသက် ၃၂ နှစ်အရွယ် Mok Cham-sum ဆိုသူ အလုပ်လက်မဲ့ အမျိုးသားကို တရားရုံးများတွင် အမှုစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ခရီးသည်များအား နာကျင်စေမှုနဲ့ ယင်းလုပ်ရပ်ကို အခြားသူများ အတုယူမှားကာ လိုက်လုပ်စေခဲ့မှုတို့အတွက် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၇ နှစ်ကျခံရဖွယ်ရာရှိသည်။

Mok ကို ၂၀၁၈ ခုနှစ် ဇူလိုင်လမှာ ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ဆေးရာ ဘတ်စ်ကားမောင်းသူတွေက သူကားစောင့်နေတဲ့ မှတ်တိုင်မှာ မရပ်ပေးပဲ ဖြတ်မောင်းသွားတဲ့အတွက် လုပ်တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ ဘတ်စ်ကားစီးအမျိုးသမီးအချို့ ထိုင်ခုံမှာ ထိုးသွင်းထားတဲ့ အပ်စူးပြီး ဆေးရုံပို့ခဲ့ရတဲ့ထိ ဖြစ်ခဲ့ပါတယ်။ ဘတ်စ်ကားပေါ်မှ လုံခြုံရေးကင်မရာကို စစ်ဆေးကြည့်ရာ Mok က အဆိုပါထိုင်ခုံနေရာကို ဦးစွာထိုင်ခဲ့ပြီးမှ ထိုင်ခုံပြောင်းထိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။

ရဲတွေက သူ့ရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၃.၅ စင်တီမီတာ နဲ့ ၅.၅ စင်တီမီတာရှည်တဲ့ အပ် ၇ ချောင်းကို တွေ့ခဲ့ရပါတယ်။

အမှုကို ဆက်လက်ကြားနာဖို့ လာမယ့် နိုဝင်ဘာလ ၁၂ ရက်နေ့ကို ပြောင်းရွေ့ရက်ချိန်းပေးထားပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၇ နှစ် ကျခံရဖွယ်ရာရှိပါသည်။


22 Oct 2019     1,373 Views




RELATED

Most Popular of Special or Others

Most Popular of NEWS