BEC-TERO TV

လုံးဝတွဲဖက်မစားသုံးသင့်တဲ့ အစားအစာ(၅)မျိုး

22 Oct 2019     1,564 Views


၁။ ရေအေးနဲ့ ထမင်း

ထမင်းစားရင်း ရေသောက်လေ့ရှိသူတွေကို မြင်ဖူးကြမှာပါ။ တချို့က အစာစားရင်း ရေသောက်ရင် အစာပိုကြေလွယ်မယ်လို့ထင်ကြတယ်။ ဒါက တကယ်တော့မမှန်ပါဘူး။ ထမင်းစားရင်း ရေသောက်မိရင် မိမိစားထားတဲ့ အစာက ရေနဲ့ ရောထွေးသွားပြီး အူလမ်းကြောင်းမှာ အစိုင်အခဲအဖြစ် ကျန်ရှိနေမှာပါ။ ဒါက အစာချေဖျက်မှုကို နှောင့်နှေးစေပြီး ခန္ဓာကိုယ်ကို မအီမသာဖြစ်စေပါတယ်။

 

၂။ သခွားသီးနဲ့ ခရမ်းချဉ်သီး

သခွားသီးမှာ ပါတဲ့ enzyme(အန်ဇိုင်း) တစ်မျိုးဟာ ခရမ်းချဉ်သီးမှာပါတဲ့ ဗီတာမင် စီ(အချဉ်ဓာတ်) နဲ့ လုံးဝမတည့်ပါဘူး။ ဒါကြောင့် ဒီနှစ်ခုကို တွဲစားမိရင် ကိုယ်လက်မအီမသာဖြစ်ပြီး မူးဝေးအော့အန်တာတွေ ဖြစ်ပွားစေပါလိမ့်မယ်။

 

၃။ ဘီယာနဲ့ မြေပဲဆားလှော်

ဘီယာကို အငန်ဓာတ်ပါတဲ့ မြေပဲဆားလှော်နဲ့ တွဲဖက်ပြီးမစားသုံးသင့်ပါဘူး။ ဘီယာနဲ့ မြေပဲဆားလှော် တွဲဖက်စားသုံးတဲ့အခါ သင့်ခန္ဓာကိုယ်ကို အလိုလိုနေရင်းရေဓာတ်ခမ်းခြောက်စေမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ဘီယာကို မြေပဲဆားလှော်နဲ့ မြည်းမိတဲ့အခါတိုင်း ရေငတ်သလို ခံစားချက်မျိုးတွေ ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။

 

၄။ ထမင်းစားပြီး အသီးအနှံစားခြင်း

ထမင်းစားပြီး အသီးအနှံစားလို့ရှိရင် အသီးတွေက ချေဖျက်ရလွယ်ကူတာကြောင့် အရင် အစာကြေသွားပြီး အညစ်အကြေးအဖြစ် စွန့်ထုတ်ဖို့ ပမာဏ နည်းသေးတဲ့အတွက် မကြေနိုင်သေးတဲ့ ထမင်း၊ဟင်း အစာတွေကို စောင့်ဆိုင်းရပါတယ်။ အဲ့လို စောင့်ဆိုင်းနေရင်းက အက်ဆစ်(အချဉ်ဓာတ်) များစွာ ပါဝင်တဲ့ အသီးအနှံတွေဟာ အစာအိမ်ထဲမှာ အချဉ်ပေါက်သွားနိုင်ပါတယ်။ (မျိုးစုံသော အသီးအနှံများမျာ သူမတူနဲ့ အက်ဆစ်ဓာတ်တွေ ပါဝင်နေတတ်ပါသည်။)

 

၅။ နို့နှင့် အချဉ်သီးများ

နို့နဲ့ အက်ဆစ်ဓာတ်ကြွယ်ဝတဲ့ အချဉ်သီးတွေကို တွဲဖက်မစားသုံးသင့်ပါဘူး။ နို့အေး(သို့) နို့နဲ့ပြုလုပ်ထားတဲ့ ခရင်မ်တွေ နဲ့ဆိုရင်တော့ ကိစ္စသိပ်မရှိပေမယ့် ကျိုချက်ထားတဲ့ နို့ပူပူလေးနဲ့ အချဉ်သီး တွဲဖက်စားသုံးမိရင်တော့ ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကတော့ ဝမ်းပျက်ဝမ်းလျောခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း တို့ပဲဖြစ်ပါတယ်။

အခုတင်ဆက်ပေးသွားတာကတော့ တွဲဖက်မစားသုံးသင့်တဲ့ အစားအစာ (၅) မျိုးအကြောင်းပဲဖြစ်ပါတယ်။ ဖတ်ရှုသူ ပိုပိုလေးပရိတ်သတ်ကြီး ကျန်းမာရေးနဲ့ ညီညွှတ်မျှတစေဖို့ ပိုပိုလေးအဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

Ref:hhdresearch

(ပိုပိုလေး)

 

 

 

 

 

 

 

 

 

 


22 Oct 2019     1,564 Views




RELATED

Most Popular of Health Fix

Most Popular of NEWS