BEC-TERO TV

အရုပ်ကောက်စက်ထဲက အရုပ်တွေ အသက်ဝင်လာတဲ့ ခြောက်ခြားဖွယ်ရုပ်သံ

29 Oct 2019     1,519 Views


ကလေးတွေ လူငယ်စုံတွဲတွေ ပလာဇာ၊ ကစားကွင်းတွေမှာ အပျော်သဘောနဲ့ ကစားကြလေ့ရှိတဲ့ အရုပ်ကောက်စက်ထဲက အရုပ်အချို့ဟာ ညဘက်ဆိုင်ပိတ်ချိန်မှာ အရုပ်ကောက်စက်ထဲကနေ ထွက်ပြေးသွားတဲ့ ရုပ်သံကို လုံခြုံရေးစီစီတီဗီကင်မရာကနေ ထင်ထင်ရှားရှား မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒီအဖြစ်ပျက်ကြောင့် ဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်းတွေ ထိတ်လန့်ခဲ့ကြရပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ ဟောလိုဝင်းနေ့ မတိုင်မီညက အင်္ဂလန်နိုင်ငံ နောတင်ဟမ်ရပ်ကွက်မှာရှိတဲ့ Pryzm Nightclub မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

နောက်တစ်နေ့နံနက်မှာ ဆိုင်ဖွင့်ဖို့ ဝန်ထမ်းတွေ ရောက်လာကြချိန် ဆိုင်အတွင်း တံခါးဝမှာ အရုပ်ကောင်စက်ထဲမှာ ထည့်ထားတဲ့ အရုပ်အချို့ လဲလှောင်း ပြန့်ကျဲနေတာကြောင့် အံ့သြခဲ့ကြပြီး ဆိုင်မှာ ညကဘာဖြစ်ခဲ့လဲဆိုတာကို စီစီတီဗီကနေ ပြန်လည်စစ်ဆေးကြည့်ရာက ခြောက်ခြားစရာကောင်းတဲ့ ဖော်ပြပါရုပ်သံကို တွေ့ခဲ့ရပါတယ်။

ရုပ်သံထဲမှာ အရုပ်ကောက်စက်ထဲက ကြက်လိုနဲ့ သဏ္ဍန်တူနဲ့ အရုပ်တစ်ရုပ်လှုပ်ရှားလာပြီး စက်ထဲကနေ အပြင်ကိုလျောဆင်းကာ ကြမ်းပြင်ပေါ်ရောက်တဲ့အခါ ခုန်စွခုန်စွနဲ့ သွားတာကိုတွေ့ခဲ့ရပါတယ်၊ အဲဒီနောက် ပိတ်ထားတဲ့ တံခါးအဝရောက်တဲ့အခါ အခြားအရုပ်တွေကြားမှာ လဲကျငြိမ်သက်သွားခဲ့ပါတယ်။

ဒီအဖြစ်ပျက်ဟာ ရှင်းပြဖို့ခက်တဲ့ ပရလောကနဲ့ ဆက်စပ်နေတယ်လို့ အားလုံးက ဝေဖန်သုံးသပ်ထားကြပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်ပတ်ခန့်ကလည်း ဒီဆိုင်မှာပဲ ရေခဲသေတ္တာတံခါး အလိုလိုပွင့်လာပြီး ဘီယာဗူးတွေခုန်ထွက်လာတဲ့ အဖြစ်ပျက်မျိုး ဖြစ်ခဲ့ဖူးပါသေးတယ်။


29 Oct 2019     1,519 Views




RELATED

Most Popular of Special or Others

Most Popular of NEWS