BEC-TERO TV

လကုန်ရင်ထွက်မယ့် Apple ရဲ့ AirPods Pro အသစ် ဘာတွေထူးခြားလဲ..?

29 Oct 2019     1,389 Views


ပြောင်းလဲလာနေတဲ့ ခေတ်စနစ်နဲ့ လျှော်ညီစွာ လူနေမှုအဆင့်တန်းကို အမြဲမြှင့်တင်ပေးနေတဲ့ Apple ကုမ္ပဏီက သူ့ရဲ့ ကြိုးမဲ့နားကြပ်အသစ် AirPods Pro ကို တနင်္လာနေ့က ထပ်မံမိတ်ဆက်လိုက်ပြန်ပါပြီ။ လက်ရှိစျေးကွက်ထဲမှာ ရှိနှင့်ပြီးဖြစ်တဲ့ Apple ရဲ့ AirPods နားကြပ်တွေကို ၂၀၁၆ ခုနှစ်က ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အခုတစ်ခါ အသစ်ထွက်လာတဲ့ AirPods Pro ကတော့ AirPods ရဲ့ ဒုတိယမျိုးဆက်ဖြစ်တာနဲ့အညီ ထူးခြားတဲ့ ခံစားမှုရသ အသစ်တွေ ထပ်မံပေါင်းစပ်ထားပါတယ်။

AirPods Pro မှာ ဆူညံသံတွေကို ဖယ်ရှားပေးနိုင်တဲ့လုပ်ဆောင်ချက်အပြင် ကိုယ်နားထောင်နေတဲ့ သီချင်းကိုလိုက်ပြီး AirPods က အလိုလျှောက် အသံချိန်ညှိပေးနိုင်တဲ့ Adaptive EQ စနစ်ပါဝင်ပါတယ်။ ဒါ့အပြင် နားကြပ်တပ်ထားချိန်မှာ ပတ်ဝန်းကျင်ပြင်ပက အသံတွေကိုလည်း ကြားနေချင်တယ်ဆိုရင် တစ်ချက်ထိလိုက်တာနဲ့ အားလုံးကြားနိုင်မယ့် Transparency mode ပါဝင်ပါတယ်။

၂၀၁၆ မော်ဒယ် AirPods မှာ လူတွေသဘောမကျတဲ့ အားနည်းချက်ကို ပြင်ဆင်ထားပြီး AirPods ရဲ့ အဆို့ကို ကိုယ့်နားနဲ့ ကိုက်ညီအောင် စိတ်ကြိုက် ချိန်ညှိနိုင်သွားပါပြီ။

အားလုံးထဲမှာ အကြိုက်ဆုံးကတော့ AirPods Pro ဟာ ရေစိုခံတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ Apple က အားကစားသမားတွေအတွက်လည်း စီစဉ်ပေးထားတာဖြစ်ပါတယ်။ အရင် AirPods မော်ဒယ်လ်မှာတော့ အားသွင်းတဲ့ ဗူးလေးကို ထပ်မံဝယ်ယူရပြီး ယခု AirPods Pro မှာတော့ အားသွင်းဗူးပါ တွဲလျက်ပါဝင်မှာဖြစ်ပါတယ်။

အခုအောက်တိုဘာလကုန်မှာ စတင် တင်ပို့ဖြန့်ဖြူးသွားမယ်လို့ Apple က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သုံးစွဲသူတွေရဲ့ လက်ထဲကိုတော့ လာမယ့် မတ်လမှာ ရောက်လာမှာဖြစ်တဲ့ AirPods Pro ရဲ့ စျေးနှုန်းက အမေရိကန်ဒေါ်လာ $249 ဖြစ်ပါတယ်။

လက်ရှိစျေးကွက်ထဲက AirPods ရဲ့ စျေးနှုန်း $159 ထပ်စာရင် စျေးမြင့်တယ်ဆိုပေမယ့် ပိုပြီးစတိုင်ကျ သပ်ရပ်လှပတဲ့ဒီဇိုင်း၊ လုပ်ဆောင်ချက်အသစ်တွေ၊ ရေစိုခံတာနဲ့ အားသွင်းဗူးလေးပါ တစ်ပါတည်းရမှာဆိုတော့လည်း Apple ချစ်သူတွေ သဘောကျနှစ်ခြိုက်ဦးမယ့် ဝတ်ဆင်စရာ ပစ္စည်းသစ်လေးတစ်ခု ဖြစ်လာမှာ မလွဲပါဘူး။ အားသွင်းနှုန်း မြန်ချက်ကလည်း ၅ မိနစ် အားသွင်းရုံနဲ့ တစ်နာရီစာ ဆက်တိုက်နားထောင်လို့ရမှာဖြစ်ပြီး တစ်ခါအားသွင်းရင် အနည်းဆုံး ၅ နာရီနီးပါး ဝတ်ဆင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။


29 Oct 2019     1,389 Views




RELATED

Most Popular of Special or Others

Most Popular of NEWS