BEC-TERO TV

ထုံကျင်တာ၊ နာတာတွေကို သက်သာစေနိုင်မယ့် အစားအစာ (၆) မျိုး

31 Oct 2019     1,721 Views


ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ထုံတာ၊ ကျင်တာ နာတာတွေ ဖြစ်လေ့ဖြစ်ထရှိကြပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ် လှုပ်ရှားမှုနည်းပါးတဲ့ အထိုင်များတဲ့ရုံးသမားတွေ၊ သက်ကြီးရွယ်အို အဖိုးအဖွားတွေမှာအဖြစ်များလေ့ရှိကြပါတယ်။ ဒီတစ်ခါ ပိုပိုလေးကနေ ထုံတာ၊ကျင်တာ၊ နာတာတွေကို သက်သာစေနိုင်မယ့် အစားအစာ(၇) မျိုးအကြောင်းကို ကျန်းမာရေးဗဟုသုတအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။

အိုမီဂါ-၃ ပါဝင်သည့် အစားအစာများ

အိုမီဂါ-၃ မှာ fatty-acid ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်အဆစ်အမြစ်တွေရောင်ရမ်းတာကို အမြန်ဆုံးသက်သာပျောက်ကင်းစေပါတယ်။ အိုမီဂါ-၃ ပါဝင်တဲ့အစားအသောက်တွေကတော့ တူနာငါး၊ ဆယ်လ်မွန်ငါး၊ ထောပတ်သီး၊ ကြက်ဥနဲ့ အစေ့အဆန်တို့ပဲဖြစ်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာပါဝင်တဲ့ ‘ဓာတ်တိုး’ ဓာတ်တစ်မျိုးဟာ ကိုယ်ခန္ဓာမှာရှိတဲ့ အဆစ်အမြစ်တွေရောင်ရမ်းတာကို အမြန်ဆုံးသက်သာပျောက်ကင်းစေပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူဟာ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေကိုပါ အမြန်ဆုံးသက်သာပျောက်က်ကင်းစေတာကြောင့် နေ့စဉ်စားသုံးပေးသင့်ပါတယ်။

ဂရင်းတီး (Green Tea)

ဂရင်းတီးကတော့ အဆစ်အမြစ်ရောင်ရမ်းသူတွေအတွက် အကောင်းဆုံး လို့ပြောလို့ရပါတယ်။ ဂရင်းတီးကို အဆစ်အမြစ်ရောင်နေမှ မဟုတ်ပါဘူး ကျန်တဲ့တခြားသော ကျန်းမာရေး ပြဿနာတွေရှိရင်လည်း သောက်သုံးလို့ရပါသေးတယ်။ ဂရင်းတီးသောက်ပေးခြင်းအားဖြင့် အဆီပိုတွေကိုလျော့ချပေးပြီး နှလုံးခုန်နှုန်းကိုလည်း ပုံမှန်ဖြစ်စေတာကြောင့် ဒီပရက်ရှင်လို့ခေါ်တဲ့ စိတ်ဖိစီးမှုရောဂါမျိုးတွေ လွယ်ကူစွာမဖြစ်ပွားစေနိုင်တော့ပါဘူး။ ဂရင်းတီးမှာ ကဖိန်းဓာတ်ပါဝင်တာကြောင့် ညအိပ်မပျော်ဘဲ လန်းဆန်းနေတာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ညအိပ်ရာဝင်ခါနီး မသောက်မိစေဖို့ သတိပေးပြောကြားပါရစေ။

နနွင်းမှုန့်

နနွင်းမှုန့်ကို ရှေးဘုရင်တွေလက်ထပ်မှာတုန်းက အကိုက်အခဲပျောက်ဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ နနွင်းမှုန့် ကို ငရုတ်ကောင်းမှုန့်နဲ့ရောစပ်ပြီး ဆေးဖြစ်ဝါးဖြစ်သောက်သုံးကြတယ်လို့ ရှေးလူကြီးတွေ ပြောပြဖူးပါတယ်။ ယနေ့ခေတ်အနောက်နိုင်ငံတွေမှာတော့ နနွင်းမှုန့်ကို သံပုရာသီးနဲ့ရောစပ်ပြီး ဆေးဖြစ်ဝါးဖြစ်သောက်သုံးတယ်လို့သိရပါတယ်။

ပန်းဂေါ်ဖီစိမ်း

ဂေါ်ဖီပန်းစိမ်းမှာ အမျှင်ဓာတ်များစွာပါဝင်တာကြောင့် အစာအိမ်လမ်းကြောင်းနဲ့ သွေးလည်ပတ်မှုအားကောင်းစေပါတယ်။ ခန္ဓာကိုယ်ကို ပေါ့ပါးသွက်လက်စေပြီး အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတာကို အမြန်ဆုံးသက်သာစေနိုင်ပါတယ်။

ချင်း

‘ချင်း’ ကို တုပ်ကွေးရာသီတွေမှာ နာကျင်ကိုက်ခဲမှုသက်သာအောင်၊ အပူကျအောင် ကွမ်းရွက်နဲ့ ပြုတ်သောက်တာမျိုးတွေရှိကြပါတယ်။ ‘ချင်း’ ဟာ အပူကျစေတဲ့ သဘာဝ ဆေးတစ်မျိုးဖြစ်ပြီး နာကျင်ကိုက်ခဲမှုတွေအတွက် အကောင်းဆုံး ဆေးဝါး တစ်မျိုးဖြစ်ပါတယ်။

အခုတင်ဆက်ပေးသွားတာကတော့ ထုံကျင်၊ ကိုက်ခဲတာတွေကို သက်သာစေနိုင်မယ့် အစားအစာတွေပဲဖြစ်ပါတယ်။ ဖတ်ရှုသူ စာဖတ်ပရိတ်သတ်အပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနိုင်ကြပါစေလို့ ပိုပိုလေးမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

(ပိုပိုလေး)

 


31 Oct 2019     1,721 Views




RELATED

Most Popular of Health Fix

Most Popular of NEWS