BEC-TERO TV

အစကချစ်ပေမယ့် အခုတော့ရွံလာပြီလို့ပြောတဲ့သူကို ထိထိမိမိတုံ့ပြန်လိုက်တဲ့ သင်ဇာဝင့်ကျော်

01 Nov 2019     2,041 Views


အားပေးသူပရိသတ်အခိုင်အမာနဲ့ အနုပညာလောကထဲမှာ နာမည်ကြီးကျော်ကြားတဲ့ မင်းသမီးအဖြစ်ရပ်တည်နေတဲ့ သင်ဇာဝင့်ကျော်ကတော့ ယခုနောက်ပိုင်းသူမရဲ့အောင်မြင်ကျော်ကြားမှုတွေက အဆမတန်ပိုတိုးလို့လာပါတယ်။ ညှို့အားပြင်းတဲ့ကောက်ကြောင်းအလှကိုပိုင်ဆိုင်ထားတာကြောင့် သရုပ်ဆောင်တစ်ယောက်အဖြစ်ကနေ Sexy model အဖြစ်ပါခံယူလာတဲ့သူမက ဝတ်စားမှုဖက်ရှင်ပိုင်းမှာ အတော်လေးခေတ်ရှေ့ပြေးနေတာကို တွေ့ရပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

သင်ဇာက Sexy ကျတဲ့သူမရဲ့အလှကိုပေါ်လွင်စေတဲ့ ဖက်ရှင်တွေကိုဝတ်စားပြီး ဆွဲဆောင်မှုပြင်းတဲ့ပုံရိပ်တွေကိုလဲ အမြဲတစေသူမရဲ့လူမှုကွန်ယက်ကနေ မျှဝေပေးလေ့ရှိပါတယ်။ သင်ဇာ့ရဲ့ပုံတွေအောက်မှာတော့ နှစ်ခြိုက်သဘောကျသူတွေရဲ့ကောမန့်တွေလဲရှိသလို၊ ဝေဖန်ပြောဆိုကြသူတွေကလဲ ဒုနဲ့ဒေးပါ။ ယောကျာ်းထုကြီးက အခိုင်အမာဝန်းရံနေကြပေမယ့် Sexy အရမ်းကျလွန်းလာတဲ့သူမကို သဘောမကျ၊ မနှစ်ခြိုက်သူတွေလဲ ရှိလာပါတယ်။

ယခုတစ်ခါမှာတော့ သင်ဇာကသူမရဲ့ပို့စ်အောက်မှာ Negative comment လာပေးသူတစ်ယောက်ကို ထိထိမိမိပြန်လည်တုံ့ပြန်လိုက်ပါတယ်။ ကောမန့်လာပေးသူက အရင်ကသူမကိုချစ်တဲ့ပရိသတ်တစ်ယောက်ဖြစ်ခဲ့ပြီး ယခုနောက်ပိုင်းအကဲပိုလာတဲ့ သူမရဲ့ဖက်ရှင်တွေကြောင့် ရွံလာပြီဆိုပြီး ကောမန့်ပေးရေးသားထားမှုကို သင်ဇာကအထိမိဆုံးပြန်ပြောလိုက်တာဖြစ်ပါတယ်။

သင်ဇာကတော့ သူမလုပ်ချင်တာလုပ်နေရရင်ကျေနပ်နေသူတစ်ယောက်ဖြစ်ပြီး သင်ဇာဘာလုပ်လုပ် အပြစ်မမြင်ချစ်မြဲချစ်ဆဲပါဆိုသူတွေကတော့ အခိုင်အမာဝန်းရံအားပေးနေကြဆဲပါပဲ….

 

(ပိုပိုလေး)


01 Nov 2019     2,041 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment