BEC-TERO TV

(၄၉)ပွဲဆက် နိုင်ပွဲစံချိန်ရရှိခဲ့သည့် မေ၀ဲသာ

15 Sep 2015     1,333 Views


အမေရိကန်နာမည်ကျော် လက်ဝှေ့သမား မေ၀ဲသာဟာ အန်ဒရီဘာတိုနဲ့ထိုးသတ်ခဲ့တဲ့ပွဲစဉ်မှာ အနိုင် ရရှိပြီး ကစားသမားဘ၀ (၄၉)ပွဲဆက်အနိုင်ရရှိတဲ့စံချိန်ကိုရရှိခဲ့ပါတယ်။ အန်ဒရီဘာတိုနဲ့ပွဲစဉ်မှာ ဒိုင်လူကြီး(၃)ဦးစလုံးက (၁၂၀)မှတ်၊ (၁၀၈)မှတ်၊ (၁၁၈)မှတ်၊ (၁၁၀)မှတ်၊ (၁၁၇)မှတ်၊ (၁၁၁)မှတ်နဲ့ မေ၀ဲသာကိုအနိုင်ပေးခဲ့တာဖြစ်ပါတယ်။ မေ၀ဲသာဟာ ယခုနိုင်ပွဲကြောင့် ကစားသမား ဘ၀(၄၉)ပွဲဆက်နိုင်ပွဲရရှိခဲ့ပြီးယခင်လက်ဝှေ့အကျော်အမော်မာစီယာနိုရဲ့ စံချိန်နဲ့တူညီခဲ့ပါတယ်။ သူသာနောက် ထပ်တစ်ပွဲထပ်မံအနိုင်ရရှိမယ်ဆိုရင် မာစီယာနိုရဲ့စံချိန်ကိုကျော်ဖြတ်နိုင်ဖွယ်ရှိပေမယ့် ကစားသမားဘ၀မှအနား ယူတော့မယ်လို့ အတည်ပြုခဲ့ပါတယ်။ မေ၀ဲသာက မိမိအသက်(၄၀)နားကပ်နေပါပြီ၊ လက်ဝှေ့လောကမှာ သက် သေပြစရာတွေလည်းကုန်ပါပြီး လက်ရှမှာတော့ မိသားစုကိုအချိန်ပေးချင်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ မေ၀ဲ သာဟာအန်ဒရီဘာတိုကိုအနိုင်ရရှိခဲ့တာကြောင့် သူ့ရဲ့ WBC နဲ့ WBA ၀ဲလ်တာဝိတ်ချန်ပီယံဆုတွေကိုကာကွယ် နိုင်ခဲ့ပါတယ်။သူဟာ ယခုနှစ်မေလကလည်း ရာစုနှစ်ရဲ့အကောင်းဆုံးပွဲအဖြစ် ပက်ကွီအိုနဲ့ပွဲစဉ်မှာအနိုင်ရရှိခဲ့သူ ဖြစ်ပြီးထာဝရအကောင်းဆုံးလက်ဝှေ့သမားအဖြစ်ကြွေးကြော်ထားသူဖြစ်ပါတယ်။ အန်ဒရီဘာတိုကတော့ ကစား သမားဘ၀(၃၄)ပွဲမြောက်ထိုးသတ်ခဲ့ပြီး (၄)ပွဲမြောက်ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။


15 Sep 2015     1,333 Views




RELATED

Most Popular of Boxing

Most Popular of NEWS