BEC-TERO TV

ငရဲတွင်းဝမှ အသံနက်ကြီးနဲ့ ငိုညည်းသံများ

04 Nov 2019     1,926 Views


“ကံ ကံ၏အကျိုး” ဆိုတဲ့အတိုင်း အသက်ရှင်နေတုန်းမှာ ကောင်းတာတွေလုပ်ရင် သေသွားတဲ့အခါ နတ်ပြည်ရောက်မယ်..။

မကောင်းတာတွေပဲလုပ်ခဲ့မယ်ဆိုရင်တော့ သေသွားရင် ငရဲကျမယ်ဆိုတာကို ဗုဒ္ဓဘာသာ ကိုးကွယ်သူတိုင်း လက်ခံယုံကြည်ထားကြပါတယ်။

ဒါပေမယ့်လည်း “Seeing Is Believing” လက်တွေ့မြင်ရမှ ယုံတတ်တဲ့ သိပ္ပံပညာရှင် အချို့ကတော့ ဒီအယူအဆအပေါ်  လက်ခံယုံကြည်နိုင်ဖို့ ခက်ခဲနေကြပါတယ်။

အဲဒီလို မယုံမကြည်ဖြစ်နေတဲ့ အခြေအနေမှာပဲ ရှရှားနိုင်ငံမှာရှိတဲ့ တွင်းနက်ကြီးတစ်ခုထဲကနေ အော်ဟစ်ငိုညည်းသံတွေ ကျယ်လောင်စွာ ကြားရတဲ့ အဖြစ်ပျက်က ကမ္ဘာကျော်သွားခဲ့ပါတယ်။ ဒီအဖြစ်ပျက်ကြောင့် သိပ္ပံပညာရှင်တွေကိုယ်တိုင် ငရဲဆိုတာ တစ်ကယ်ရှိ၊ မရှိ ဒွိဟဖြစ်သွားခဲ့ရပါတယ်။

ရုရှားနိုင်ငံ ဆီးဗီးယားဒေသမှာရှိတဲ့ တွင်းနက်ကြီးဟာ ကမ္ဘာပေါ်မှာ အနက်ရှိုင်းဆုံး လူတွေတူးဖော်ထားတဲ့ တွင်းကြီး တစ်တွင်းဖြစ်ပြီး တွင်းနှုတ်ခမ်းဝကနေ အောက်ဘက်ကို ၁၀ မိုင်ခန့်ထိ နက်ရှိုင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီတွင်းကြီးထဲကနေ အသံနက်ကြီးတွေနဲ့ အော်ဟစ်ငိုညည်းသံတွေဟာ အဆက်မပြတ်ကြားနေရတဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ထားကြတဲ့ ငရဲဆိုတာရဲ့ တံခါးဝများလားလို့ သံသယဝင်လာပါတယ်။

Kola Superdeep Borehole လို့ခေါ်တဲ့ တွင်းနက်ကြီးဟာ အနက် ပေ (၄၀,၀၀၀) ကျော်ရှိပြီး ကမ္ဘာ့ပေါ်မှာ အနက်ရှိုင်းဆုံး တွင်းတစ်တွင်းဖြစ်ပါတယ်။

ဒီတွင်းနက်ကြီးကို သတ္တုတူးဖော်ဖို့အတွက် ဘူမိဗေဒပညာရှင်တွေ ဦးဆောင်ပြီး သတ္တုတွင်းတူးအလုပ်သမားတွေနဲ့ စတင်တူးခဲ့ကြတာဖြစ်ပါတယ်။

တွင်းကြီးကို တူးရင်း တူးရင်းနဲ့ ဒီတွင်းကြီးထဲကနေ အသံတွေ စပြီးကြားလာရပါတယ်။

ဒီလိုအဖြစ်ပျက်မျိုးက ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့အတွက် ဘူမိဗေဒပညာရှင်တွေ ကိုယ်တိုင် အံ့သြခဲ့ကြရပါတယ်။

တွင်းနက်ကြီးထဲက ထွက်လာတဲ့ အသံတွေကို သတ္တုတူးဖော်ရေး အလုပ်သမားတွေက အသံဖမ်းယူခဲ့ကြရာမှာ အလွန်ထူးဆန်းတဲ့ အော်ဟစ်ညည်းညူသံတွေကို ကြားခဲ့ရပါတယ်။

ထူးဆန်းတဲ့ အသံတွေကြောင့် ဆီးဗီးယက် သိပ္ပံပညာရှင်တွေဟာ ဒီတွင်းကြီးကိုလေ့လာဖို့ စိတ်အားထက်သန်ခဲ့ကြပါတယ်။

၁၉၇၁ ခုနှစ်မှာတော့ သိပ္ပံပညာရှင်တွေဟာ တွင်းနက်ကြီးရဲ့ပဟေဠိပုစ္ဆာကို သိပ္ပံပညာနဲ့ အဖြေထုတ်ပေးနိုင်ဖို့ စတင်လေ့လာခဲ့ကြပါတယ်။

ဒီလိုနဲ့ တွင်းကြီးကို ဆယ်စုနှစ် (၂) ခုကြာ တူးစွလေ့လာခဲ့ကြပြီးနောက်မှာတော့ တွင်းကြီးရဲ့ အနက်ဟာ ၇ မိုင်ခွဲအထိ ရှည်လျှားလာခဲ့ပါတယ်။

တွင်းကြီးထဲမှာ ဇီဝရုပ်ကြွင်း ၂၄ မျိုးနဲ့ နှစ်ပေါင်း ၃ ဘီလီယံ သက်တမ်းရှိတဲ့ ကျောက်တုံး ၊ ကျောက်ခဲတွေကိုသာ လေ့လာတွေ့ရှိခဲ့ကြပြီး တွင်းကြီးထဲကနေ အဆက်မပြတ်ထွက်နေတဲ့ အော်ဟစ်သံတွေနဲ့ ပက်သက်လို့ အဖြေတစ်စွန်းတစမှ ရှာမတွေ့ခဲ့ကြပါဘူး။

၁၉၉၂ ခုနှစ်မှာတော့ သိပ္ပံပညာရှင်တွေဟာ တွင်းနက်ကြီးကို စူးစမ်းလေ့လာတဲ့ ပရောဂျက်ကို ရပ်နားလိုက်ကြရပါတယ်။

အကြောင်းအရင်းကတော့ တူးရင်းတူးရင်းနဲ့ နက်သည်ထက်နက်လာတဲ့ တွင်းကြီးထဲမှာ အပူချိန်က ၁၈၀ ဒီဂရီ ဆဲဆီးလ်ရက်ထိ ရှိလာတဲ့အတွက် ဆက်မတူးနိုင်တော့ပဲ လက်မြှောက်ခဲ့ကြရတာဖြစ်ပါတယ်။

ဒီတွင်းကြီးရဲ့ အပူချိန်ဟာ ရပ်တန့်သွားမှာမဟုတ်ပဲ တဖြည်းဖြည်း ပိုပူလာလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ဟောကိန်းထုတ်ခဲ့ကြပါတယ်။

အခုဆိုရင် Kola Superdeep Borehole တွင်းကြီးရဲ့ မျက်နှာဝဟာ အချင်း ၂၃ မီတာ အကျယ်ရှိနေပါတယ်။ တွင်းနက်ကြီးထဲကနေ အော်ဟစ်ငိုညည်းသံတွေကလည်း အဆက်မပြတ် ထွက်နေတဲ့အတွက် တွင်းနက်ကြီးရဲ့ အပေါက်ဝကို ပြန်လည်ပိတ်ဆို့ထားခဲ့တယ်လို့ သိရပါတယ်။

ဒီတွင်းကြီးရဲ့ နာမည်ကို “The Well To Hell” (ငရဲတွင်းပေါက်ကြီး)လို့ အားလုံးက သတ်မှတ်လိုက်ကြပါတယ်။

ဒီတွင်းနက်ကြီးထဲကို ခုန်ချမယ်ဆိုရင်တောင် တွင်းရဲ့အောက်ခြေကိုရောက်ဖို့ အချိန် ၃ မိနစ်နဲ့ ၄ မိနစ်ကြား ကြာမှာဖြစ်တဲ့အတွက် တွင်းကြီးဟာ ဘယ်လောက်တောင် နက်ရှိုင်းတယ်ဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီတွင်းနက်ကြီးထဲက အော်သံတွေက ရပ်သွားမှာ မဟုတ်သလို ဒီအော်သံတွေ ဘယ်ကလာတာလဲဆိုတာကို သိပ္ပံပညာနဲ့လည်း သက်သေမပြနိုင်ခဲ့ပါဘူး။

ဒါကြောင့်မို့ ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတဲ့ ငရဲဆိုတာ တစ်ကယ်ရှိတယ်ဆိုတာကို ဒီတွင်းနက်ကြီးက အကောင်းဆုံးသော လက်တွေ့သက်သေပြချက် တစ်ခု ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်ခင်မျာ..

ပရိတ်သတ်ကြီးအမြင်ကရော ဘယ်လိုရှိလဲ ဆိုတာကို ကော်မန့်မှာ ရေးသွားနိုင်ပါတယ် ။

 


04 Nov 2019     1,926 Views




RELATED

Most Popular of Special or Others

Most Popular of Life Style