BEC-TERO TV

လိင်ဆက်ဆံဖို့ ငြင်းဆန်တဲ့ ရည်းစားဟောင်းကို လူမဆန်စွာ ထိုးကျိတ်တဲ့ ဆရာဝန်

05 Nov 2019     1,418 Views


လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းက ပညာတတ်လူတန်းစားလို့ သတ်မှတ်ပြီး အထင်ကြီးလေးစားကြတဲ့အထဲမှာ ဆရာဝန်ဆိုတာ ထိပ်ဆုံးတန်းက ရှိနေပါတယ်။ ဒါပေမယ့် အခုလို ပညာတတ်လူတန်းစား ဆရာဝန်က သူ့ရဲ့ကာမဆန္ဒကို မလိုက်လျောတဲ့ ရည်းစားအပေါ် ရက်စက်စွာ ထိုးကျိတ်ရိုက်နှက်ခဲ့ပြီး လူမဆန်တဲ့ လုပ်ရပ်ကို ကျူးလွန်ခဲ့ပါတယ်။

စင်ကာပူနိုင်ငံက အသက် ၃၅ နှစ်အရွယ် Teo Shun Jie ဆိုသူက အသက် ၂၇ နှစ်အရွယ် ရည်းစားဟောင်း Ms Rachel Lim En Hui ကို မျက်နှာအရိုးများ အက်သည်ထိထိုးကျိတ်ထားပြီး ရဲတွေက အိမ်တံခါးကို ဖျက်ဝင်ပြီး အမျိုးသမီးကို ကယ်ဆယ်ခဲ့ရပါတယ်။

ဖြစ်စဉ်ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၄ ရက် (မနေ့က) ပထမဦးဆုံး တရားရုံးတွင် အမှုစစ်ဆေးရင်ဆိုင်မှုများပြုလုပ်ခဲ့သည်။

တရားရုံး၏ ထုတ်ပြန်ကြေညာချက်အရ သူတို့နှစ်ဦးဟာ ၂၀၁၇ ခုနှစ် အစောပိုင်းက ဖူးစာရေးအပလီကေးရှင်း Coffee Meets Bagel ပေါ်မှတစ်ဆင့် ဆုံတွေ့ချစ်ကြိုက်ခဲ့ကြသည်။ ချစ်ကြိုက်ပြီး သိပ်မကြာခင်မှာပဲ ‘Teo’ ဟာ အရက်မူးရင် သွေးဆိုးသူတစ်ယောက်ဖြစ်တယ်ဆိုတာကို ‘Ms Lim’ က သိရှိသွားပါတယ်။ သူဟာ အမျိုးသမီးရဲ့ အရင်ရည်းစားအကြောင်းတွေကို မေးမြန်းပြီး သူမအပေါ် ဒေါသထွက်တာတွေရှိခဲ့တယ်လို့ ပြောဆိုပါတယ်။

သူတို့နှစ်ယောက် Teo ရဲ့ နေအိမ်မှာ ရှိခဲ့စဉ်က အရင်ရည်းစားအကြောင်းတွေ ပြန်ဖော်ပြီး သူမကို အကြိမ်ကြိမ် ထိုးကျိတ်ခဲ့ဖူးပါတယ်၊ နောက်တစ်နေ့မှာ ပြန်တောင်းပန်ပါတယ်လို့ ရဲစစ်ချက်မှာ ဖော်ပြထားပါတယ်။ ပြန်တောင်းပန်တဲ့အတွက် Ms Lim က သူပြောင်းလဲလာမှာပါလို့ မျှော်လင့်ပြီး ခွင့်လွှတ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်ပတ်လောက် အကြာမှာတော့ ပန်းသီးဖျော်ရည်တွေ သူ့ကိုယ်ပေါ်လောင်းချပြီး အဲယားကွန်းကို အအေးရှိန်မြှင့်တဲ့ လုပ်ရပ်တွေထပ်ကျူးလွန်ခဲ့တာကြောင့် သူမအနေနဲ့ တုန်လှုပ်ခဲ့ရဖူးပါတယ်။ Teo ရဲ့ တောင်းဆိုချက်အရ ကားထဲမှာ သူတို့နှစ်ဦး ချစ်တင်းနှောခဲ့ဖူးကြောင်း ရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်။

ပြဿနာဖြစ်မယ့်ညမှာ သူတို့နှစ်ဦး နေရာသုံးခုပြောင်းပြီး သောက်စားခဲ့ကြပါတယ်၊ နံနက် ၂ နာရီလောက် ပျော်ပျော်ရွှင်ရွှင်နဲ့ အိမ်ခန်းကို ပြန်ရောက်ခဲ့ကြပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ Teo က ချစ်တင်းနှောဖို့ပြောခဲ့ရာမှာ Ms Lim က ငြင်းပယ်ခဲ့တဲ့အတွက် ဒေါသတကြီး ရှုးရှုးရှားရှား ဖြစ်လာပါတယ်၊ ဒါကြောင့်မို့ Ms Lim က အိမ်ခန်းကနေ ထွက်သွားမယ်အလုပ်မှာ အခန်းထဲပြန်ဆွဲသွင်း၊ အိမ်တံခါးသော့ပိတ်ကာ စိတ်တိုင်းကျ မျက်နှာကို ထိုးကျိတ်ပါတော့တယ် ဒါ့အပြင် ဦးခေါင်းနဲ့ နံရံကိုလည်း ဆောင့်ပါတယ်။ ရဲတွေရောက်လာချိန်ထိ အခန်းထဲက အော်ဟစ်သံတွေကြားနေရပြီး ရဲတွေက တံခါးကို သော့ဖျက်ပြီးဝင်ရောက် ကယ်ဆယ်ခဲ့ရပါတယ်။ Ms Lim ကို အခန်းထောင့်မှာ မျက်နှာဒဏ်ရာများစွာနဲ့ တွေ့ခဲ့ရပါတယ်။ အမှုစစ်ဆေးမှုကို ယနေ့တွင်လည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း စင်ကာပူသတင်းစာ The New Paper တွင် ဖော်ပြထားသည်။


05 Nov 2019     1,418 Views




RELATED

Most Popular of International News

Most Popular of NEWS