BEC-TERO TV

သဘောကောင်းလွန်းလို့ ဘဝပျက်သွားတဲ့ လေယာဉ်မှူးကြီး

05 Nov 2019     1,369 Views


သဘောကောင်းတယ်၊ စိတ်ထားကောင်းတယ်ဆိုတာ လူတိုင်းမလုပ်နိုင်တဲ့ကိစ္စဖြစ်လို့ လူမှုပတ်ဝန်းကျင်မှာ အလွန်ကောင်းမွန်တဲ့အပြုအမူလို့ သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် နေရာတိုင်း သဘောကောင်းနေလို့တော့မဖြစ်ပါဘူး။

တရုတ်နိုင်ငံက လေယာယ်မှူးကြီးတစ်ဦးကတော့ သဘောကောင်းလွန်းတဲ့အတွက် လေယာဉ်မှူးရာထူးကနေ တစ်သက်တာ ရပ်ဆိုင်းခံလိုက်ရပြီး သူ့ရဲ့အသက်မွေးဝမ်းကြောင်းတစ်ခုလုံး ပျက်ဆီးသွားခဲ့ရပါတယ်။

ပုံမှာမြင်ရတဲ့အတိုင်း မိန်းကလေးတစ်ယောက်ဟာ လေယာဉ်မှူးရဲ့ထိုင်ခုံမှာ ထိုင်နေပြီး သူ့ရှေ့စားပွဲမှာတော့ လက်ဖက်ရည်ခွက်တွေချထားကာ လက်နှစ်ချောင်းထောင် ပို့စ့်ပေးနေတဲ့ ဓါတ်ပုံဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က တရုတ်လူမှုကွန်ယက် ဝီဘိုမှာ ပျံ့နှံ့ခဲ့ပါတယ်။

ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပြီးနောက် အဆိုပါလေယာဉ်ရဲ့ လေယာဉ်မှူးကြီးကို လေကြောင်းလိုင်းက တစ်သက်တာ လေယာဉ်မောင်းခွင့် ပိတ်ပင်လိုက်ပါတယ်။

ဒီဓါတ်ပုံဟာ လွန်ခဲ့တဲ့ ၁၀ လခန့်က Air Guilin လေကြောင်းလိုင်းရဲ့ ခရီးစဉ်တစ်ခုမှာ ပျံသန်းနေစဉ် ရိုက်ကူးခဲ့တဲ့ပုံဖြစ်ပါတယ်။ ပုံထဲမှာပါတဲ့ မိန်းကလေးရဲ့ အမည်က ‘ချန်ယုရင်’ ဖြစ်ပြီး Guilin Tourism University မှာ တတိယနှစ်တက်ရောက်နေတဲ့ ကျောင်းသူလေးဖြစ်ပါတယ်။ သူမဟာ လေယာဉ်မယ်ဖြစ်ဖို့ အလွန်စိတ်အားထက်သန်နေသူဖြစ်ပြီး မကြာခင်မှာ လေယာဉ်မယ်အဖြစ်နဲ့ ကျောင်းဆင်း ဘွဲ့ရတော့မှာဖြစ်ပါတယ်။

ဒီဓါတ်ပုံကို လေကြောင်းအလုပ်အကိုင် အသိုင်းအဝိုင်းထဲက တစ်ယောက်ယောက်ကနေ အွန်လိုင်းပေါ်ကိုတင်ပြီး အတို့အထောင် လုပ်လိုက်တာဖြစ်ပါတယ်။ ပုံနဲ့အတူ “လေယာဉ်မှူးကြီးကို အထူးကျေးဇူးတင်ပါတယ်! ကျမအရမ်းတွေ စိတ်လှုပ်ရှားနေပါပြီ” လို့ စာတမ်းထိုးထားပါသေးတယ်။

အွန်းလိုင်းသုံးသူတွေက ဓါတ်ပုံကို သေသေချာချာကြည့်ရှုကြပြီးနောက် ဒီပုံဟာ လေယာဉ်ပျံသန်းနေစဉ် ရိုက်ထားတဲ့ ပုံဖြစ်တယ်လို့ ဝိုင်းဝန်းထောက်ပြခဲ့ကြပါတယ်။

နိုဝင်ဘာ ၄ ရက် တနင်္လာနေ့မှာတော့ Air Guilin က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အမည်မဖော်ပြထားတဲ့ လေယာဉ်မှူးဟာ လေကြောင်းလုံခြုံရေးစည်းကမ်းချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီဓါတ်ပုံရိုက်ကူးခဲ့တဲ့အချိန်က ပြီးခဲ့တဲ့ ဇန်နဝါရီလက ဂေါင်ဇီ နဲ့ ယန်ကျိုး ကို ပျံသန်းတဲ့ လေယာယ်ခရီးစဉ်အတွင်းမှာ ရိုက်ကူးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

“Air Guilin အနေနဲ့ လေယာဉ်မှူးကို တစ်သက်တာ လေယာဉ်ပျံသန်းခွင့် ပိတ်လိုက်ပါပြီ” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် အလုပ်ဖြုတ်လိုက်လား ဒါမှမဟုတ် လေကြောင်းလိုင်းရဲ့ အခြားနေရာတွေမှာရော တာဝန်ပေးထားလားဆိုတာကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

“ဒီလေယာဉ်မှာ လိုက်ပါအမှူထမ်းခဲ့ကြတဲ့ အမှူထမ်းတွေအားလုံးကိုလည်း အမှုစုံစမ်းစစ်ဆေးနေစဉ်အချိန်အတွင်း အလုပ်ကနေ ရပ်နားထားပါတယ်” လို့လည်း ဖော်ပြထားပါတယ်။

“Air Guilin အနေနဲ့ ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံရေးကိုသာ အဓိကရှေ့ရှုတာဖြစ်ပြီး လုံခြုံရေးကို ထိပါးလာစေမယ့် မဆီလျော်သော မည်သည့်အပြုမူမျိုးကိုမဆို လုံးဝသည်းခံခွင့်လွှတ်မည်မဟုတ်ပါ ထို့ပြင် ပရော်ဖက်ရှင်နယ်မဆန်တဲ့ အပြုအမှုကြောင့် လေကြောင်းလုံခြုံရေးကို ထိခိုက်စေတယ်” လို့ ဖော်ပြထားပါတယ်။

ဒါကြောင့်မို့ သဘောကောင်းတယ်ဆိုတာ ကောင်းမွန်တဲ့အပြုအမူဖြစ်ပေမယ့် နေရာတကာတိုင်း သဘောကောင်းရန်မသင့်ကြောင်း သတိမူသင့်ပါတယ်။


05 Nov 2019     1,369 Views




RELATED

Most Popular of International News

Most Popular of NEWS