BEC-TERO TV

ကွန်ပြူတာဂိမ်း ဆက်တိုက်ကစားတဲ့ ၁၇ နှစ်သား နှလုံးရပ်ကာသေဆုံး

05 Nov 2019     1,708 Views


အသက် ၁၇ နှစ်အရွယ် ကျောင်းသားတစ်ဦး သူ၏နေအိမ်တွင် ကွန်ပြူတာဂိမ်းကို အဆက်မပြတ် ဆက်တိုက်ကစားခဲ့ပြီးနောက် ရုတ်တရက်နှလုံးရပ်ကာ သေဆုံးခဲ့မှုတစ်ခု ထိုင်းနိုင်ငံ အူဒုံထနိစီရင်စုတွင် နိုဝင်ဘာ ၄ ရက်နေ့က ဖြစ်ပွားခဲ့သည်။

သူ၏အခန်းထဲတွင် ကွန်ပြူတာစားပွဲထိုင်ခုံမှ လျောကျကာ ဒူးထောက်အနေအထားနဲ့ သေဆုံးလျှက် တွေ့ရှိခဲ့ရပြီး ဆရာဝန်၏ စစ်ဆေးချက်အရ နှလုံးအမောဖောက်ကာ လွန်ခဲ့တဲ့ ၈ နာရီကနေ ၁၀ နာရီကြား အချိန်ခန့်ကတည်းက သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။

သတင်တွေမှာဖော်ပြထားချက်အရ မိသားစုထဲတွင် အကြီးဆုံးသားဖြစ်ကာ ငယ်စဉ်ကတည်းက ကျောင်းစာတော်သူဖြစ်ကြောင်းသိရသည်။ ဒါပေမယ့်လည်း ဂိမ်းကစားတာကို စွဲလန်းနေတဲ့ ကလေးလည်းဖြစ်ပါတယ်။ သူ့အသက် ၆ နှစ်မှာ မိဘတွေ အိမ်ထောင်ကွဲခဲ့ပါတယ်။ အထက်တန်းကျောင်း အောင်မြင်ပြီး ပုဂ္ဂလိကတက္ကသိုလ်တစ်ခုမှာ အသက်မွေးပညာကျောင်းတက်ဖို့ စာရင်းပေးထားသူဖြစ်ပါတယ်။ ဖခင်ဖြစ်သူက ကျောင်းစာမှာ အမှတ်လျော့မှာစိုးရိမ်ပြီး ဂိမ်းတွေချည်း ဖိမကစားဖို့ မကြာခဏ သတိပေးခဲ့ပေမယ့် ဆက်ပြီးကစားနေခဲ့ပါတယ်။

ကလေးဟာ တစ်နေ့ကို ဂိမ်းကစားချိန် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ ဖော်ပြမထားပါဘူး ဒါပေမယ့် သူ့ရဲ့ခန္ဓာကိုယ်က မလိုက်နိုင်တော့လောက်ထိအောင်ကို အပြင်းအထန်ကစားခဲ့တယ်ဆိုတာကတော့ သက်သေပဲဖြစ်ပါတယ်။ ဖခင်ဖြစ်သူက ကလေးတွေ ဂိမ်းကို စွဲလန်းစွာ ကစားကြတာနဲ့ပက်သက်လို့ အခြားမိဘတွေကိုလည်း သတိပေးလိုက်ပြီး သူ့အနေနဲ့ တင်းတင်းကြပ်ကြပ် မတားမြစ်ခဲ့မိတာ နောင်တရတယ်လို့ ဆိုပါတယ်။


05 Nov 2019     1,708 Views




RELATED

Most Popular of Special or Others

Most Popular of NEWS