BEC-TERO TV

ကိုက် (၈၀) လောက်ကို တစ်ယောက်ထဲပြေးပြီး ဂိုးသွင်းဖို့ကြိုးစားခဲ့တဲ့ ဇူးမား

06 Nov 2019     1,387 Views


မနေ့က ချဲလ်ဆီးအသင်းနဲ့ အေဂျက်စ်အသင်းတို့ ၄-၄ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ပွဲကလည်း အတော်လေးမြိုင်ဆိုင်ခဲ့ပါတယ်။ ထို့ပွဲတွင် အသင်းရှုံးနိမ်နေချိန်မှာ ဂိုးသွင်းယူဖို့ကြိုးပမ်းတဲ့ ကတ် ဇူးမားရဲ့ ကြိုးစား အားထုတ်မှုကို ချဲလ်ဆီးပရိတ်သတ်တွေ အတော်လေး သဘောကျနေကြပါတယ်။

ပထမပိုင်းအစ ပွဲချိန် ၂ မိနစ်မှာတင် အေဂျက်စ်အသင်း၏ ပြစ်ဒဏ်ဘောမှတဆင့် ကန်တင်ဘောကို ချဲလ်ဆီးအသင်းတိုက်စစ်မှူး အေဗရာဟန်နဲ့ထိပြီ ဘောလုံးလမ်းကြောင်းလွဲကာ OG ဂိုးပေးခဲ့ရပါတယ်။ ထို့နောက် ချက်ချင်းဆိုသလို ချဲလ်ဆီးအသင်းက ပြန်လည်တိုက်စစ်ဆင်ခဲ့ပြီး ပူလီဆစ်ကို ဖျက်ထုတ်မှုကြမ်းတမ်းခဲ့လို့ အေဂျက်စ်အသင်း ပင်နယ်တီပေးခဲ့ရပါတယ်။ ပင်နယ်တီကို ဂျော်ဂျင်ဟိုက အမှားယွင်းမရှိကန်သွားကာ ချေပဂိုးပြန်လည်ရရှိခဲ့ပါတယ်။

ထို့နောက် အေဂျက်စ်အသင်းက ကွန်စီ ပရိုမီ နဲ့ ချဲလ်ဆီးအသင်းဂိုးသမား ကီပါရဲ့ OG နဲ့ ဂိုးတွေရရှိခဲ့ပြီး ချဲလ်ဆီးအသင်းဟာ ပထမပိုင်းမှာ အေဂျက်စ်အသင်းရဲ့ ဦးဆောင်မှုကို ခံခဲ့ရပြီး ၃-၁ ဖြင့်ရှုံးနိမ့်ထားခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စချိန်မှာ ချဲလ်ဆီးအသင်းနောက်ခံလူ ဇူးမားက တစ်ကိုယ်တော် လိမ်ခေါက်မှုတွေပြုလုပ်ခဲ့ပြီး ကိုက်  (၈၀) လောက်ကို ပြေးကာ ဂိုးပေါက်ကို ကန်သွင်းခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့ ဂိုးပေါက်ကန်သွင်းချက်ဟာ ဂိုးပေါက်နဲ့ တခြားစီကန်သွင်းခဲ့ပြီး ဂိုးရခဲ့ခြင်းတော့မရှိပါဘူ။ ဒါပေမယ့် အသင်းရှုံးနေချိန်မှာ ဂိုးရလိုဇောနဲ့ သူရဲ့ ကြိုးစားအားထုတ်မှုကိုတော့ အသိအမှတ်ပြုရမှာပါ။

ဒါကြောင့် ချဲလ်ဆီးပရိတ်သတ်တွေက နောက်တန်းကစားသမားတစ်ယောက်ဖြစ်ပေမယ့် ဇူးမားရဲ့ အခုလို ကျော်ဖြတ်လိမ်ခေါင်ပြေးပြီး ကန်သွင်းချက်ကို သဘောကျနေကြပြီး Cristiano Zoumaldo လို့တောင် နောက်ပြောင်ခေါ်ဆိုခဲ့ကြပါတယ်။

ဒုတိယပိုင်းအရောက်မှာ ချဲလ်ဆီးအသင်းဟာ ၁-၄ ဖြင့်ဂိုးပြတ်ရှုံးနိမ့်နေခဲ့ပြီး နောက်ပိုင်းအချိန်တွေမှာ အေဂျက်စ်အသင်းက ၂ ယောက် ထုတ်ခံရတဲ့ အနေအထားမို့ ချဲလ်ဆီးအသင်းက ဂိုးတွေထပ်သွင်းကာ ၄-၄ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

 


06 Nov 2019     1,387 Views




RELATED

Most Popular of Football

Most Popular of Sport