BEC-TERO TV

ချဲလ်ဆီးအသင်းသမိုင်းတွင် အသက်အငယ်ဆုံး ချန်ပီယံလိဂ်သွင်းဂိုးရှင် ရီဆီဂျိမ်းစ်

06 Nov 2019     1,435 Views


ချဲလ်ဆီးအသင်းလူငယ်နောက်ခံကစားသမား ရီဆီဂျိမ်းစ်ဟာ မနေ့က အေဂျက်စ်အသင်းကို သွင်းဂိုးတစ်ဂိုးသွင်းယူခဲ့ပြီးနောက် အသင်းသမိုင်းတွင် အသက်အငယ်ဆုံး ချန်ပီယံလိဂ်ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

မနေ့ကကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ချယ်လ်ဆီး (၄-၄) အေဂျက်စ်ပွဲတွင် ရီဆီဂျိမ်းစ်ဟာ ဒုတိယပိုင်းတွင် အလွန်ဆိုအစား လူစားဝင်ကစားခဲ့ပြီး အသင်းအတွက် နောက်ဆုံးချေပဂိုးကို ပွဲချိန် (၇၄)မိနစ်မှာ သွင်းယူခဲ့ပါတယ်။

ရီဆီဂျိမ်းစ်ရဲ့အသက် (၁၉)နှစ်၊ (၃၃၂)ရက်သာ ရှိသေးပြီး ချန်ပီယံလိဂ်သွင်းဂိုးကို စတင်သွင်းယူခဲ့တာဖြစ်ပါတယ်။ ယခင်က ချဲလ်ဆီးအသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် စံချိန်တင်ထားသူမှာ ကစားသမားဘဝမှ အနားယူသွားပြီဖြစ်သည့် နယ်သာလန်ဂန္ထဝင်ကစားသမား ရော်ဘင်ဖြစ်ပါတယ်။ 

ရော်ဘင်ဟာ ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလက ကစားခဲ့တဲ့ CKSA မော်စကိုအသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် (၂၀)နှစ်၊ (၂၈၄)ရက်ဖြင့် ဂိုးသွင်းကာ ချဲလ်ဆီးအသင်းသမိုင်းတွင် အသက်အငယ်ဆုံးချန်ပီယံလိဂ် ဂိုးသွင်းသူအဖြစ် စံချိန်တင်ထားခြင်းဖြစ်ပြီး ယခုအခါ ရီဆီက ယင်းစံချိန်ကို ချိုးဖျက်ခဲ့ခြင်းဖြစ်ပါတယ်။

သွင်းဂိုးတစ်ဂိုးသွင်းယူခဲ့တဲ့ ရီဆီဂျိမ်းစ်က "ရူးသွပ်ဖွယ် ပွဲတစ်ပွဲပါပဲ။ အေဂျက်စ်အသင်းက အရမ်းကောင်းတဲ့ အသင်းပါ။ ကျွန်တော်တို့အနေနဲ့ အေဂျက်စ်အသင်း ကစားသမား (၂)ယောက် လျော့သွားတာကို အခွင့်ကောင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အနိုင်မရခဲ့တာတော့ နှမြောစရာကောင်းပါတယ်။ ဂိုးသွင်းနိုင်ခဲ့တာကတော့ ကျွန်တော့်အတွက် အပိုဆုပါ" လို့ ပြောကြားခဲ့ပါတယ်။

 

 

 


06 Nov 2019     1,435 Views




RELATED

Most Popular of Football

Most Popular of Sport