BEC-TERO TV

ပြိုင်ပွဲဝင်တွေအပေါ် ဒီထက်ပို တင်းကြပ်ပေးဖို့တောင်းဆိုလာတဲ့ ပရိတ်သတ်ကို ပရိုဆန်ဆန် တုံ့ပြန်လိုက်တဲ့ ဖြူဖြူကျော်သိန်း

06 Nov 2019     1,364 Views


Myanmar Idol season 4 ရဲ့ Top Finalists ဝင်သွားတဲ့ ပြိုင်ပွဲဝင် (၁၁) ဦးရဲ့ lvie ဖျော်ဖြေတင်ဆက်မှုပွဲကြီးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ Top Finalists စာရင်းဝင်သွားတဲ့ ပြိုင်ပွဲဝင် (၁၁) ယောက်တို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဖျော်ဖြေတင်ဆက်မှုကို ပရိတ်သတ်ကြီး နားဆင်ခံစား ကြည့်ရှုခဲ့ကြပြီးပြီဖြစ်ပါတယ်။

Top Finalists ရဲ့ ပထမဆုံး live ဖျော်ဖြေတင်ဆက်မှု ပွဲကြီးမှာ ဒိုင်လူကြီးတွေ ပြိုင်ပွဲဝင်တွေအပေါ် ပေးတဲ့ မှတ်ချက်တွေဟာ တင်းကြပ်မှု နည်းပါးတာကြောင့် ပရိတ်သတ်တစ်ဦးက ဒိုင်တစ်ဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်းရဲ့ ပို့စ်အောက်မှာ အောက်ပါအတိုင်း အကြံပေးတဲ့ ကော်မန့်တစ်ကြောင်း ဝင်ရေးလာပါတယ်။

အဆိုပါ ကော်မန့်ကို ဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်းက “1st live show မို့ သူတို့လေးတွေကို အားပေးချီးမြှင့်တဲ့ cmt တွေ အဓိကပြောပေးကြတာ ပြင်စေချင်တာ အကြံပေးချင်တာတွေကို indirectly ပြောသွားမှန်း သေချာနားထောင်ကြည့်ရင် ကြားမိမှာပါ sis, အကြံပေးတာ ကျေးဇူးတင်ပါတယ်” ဆိုပြီး သေသေချာချာလေး ရှင်းပြသွားခဲ့ပါတယ်။

Myanmar Idol Season 4 ရဲ့ ဒိုင်လူကြီးတွေဟာ ပြိုင်ပွဲဝင်တွေရဲ့ အားနည်းချက်၊ ပြစ်ချက်တွေကို တိုက်ရိုက်တည့်တိုး မပြောဘဲ ညင်သာတဲ့ စကားလုံးတွေကိုသာ ရွေးချယ်ပြီးပြောပြခဲ့တာကြောင့် ပရိတ်သတ်တွေ အနေနဲ့ သတိမထားမိနိုင်ခဲ့တာပဲဖြစ်ပါတယ်။ နောက်ထပ် နောက်ထပ် အပိုင်းတွေမှာလည်း ဒိုင်လူကြီးမင်းတွေအနေနဲ့ ဘယ်လို စကားလုံးမျိုးတေွ ရွေးချယ်ပြောကြမလဲဆိုတာ စိတ်ဝင်စားဖို့ အင်မတန်မှ ကောင်းသလို ဘယ်ပြိုင်ပွဲဝင်တွေက ဘယ်လိုစတိုင် ဘယ်လို သီချင်းမျိုးတွေနဲ့ ယှဉ်ပြိုင်သီဆိုသွားဦးမယ်ဆိုတာကလည်း စိတ်ဝင်စားဖွယ်အတိ ဖြစ်နေမှာ အမှန်ပါပဲ။

 

Ref:phyuphyukyawthein

(ပိုပိုလေး)


06 Nov 2019     1,364 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS