BEC-TERO TV

အဆိုတော် မူးယစ်ဆေးသုံးတာကို ဖုံးကွယ်ပေးခဲ့တဲ့ CEO တရားစွဲခံရ

07 Nov 2019     1,564 Views


နာမည်ကျော် idols အဆိုတော်တွေကို မွေးထုတ်ပေးတဲ့ အေဂျင်စီ YG Entertainment ရဲ့ CEO ဟောင်း Yang Hyun Suk ဟာ iKON အဖွဲ့ဝင်ဟောင်း B.I မူးယစ်ဆေး သုံးစွဲမှုကို ဖုံးကွယ်ထားမှုနဲ့ တရားစွဲဆိုခံထားရပါတယ်။

Yang Hyun Suk ကို တရားစွဲဆိုဖို့ Gyeonggi ရဲစခန်းမှ အောက်ပါတိုင်း ထုတ်ပြန်လာပါတယ်။ “YG CEO ဟောင်း Yang Hyun Suk ဟာ B.I မူးယစ်ဆေး သုံးစွဲတာကို ဖုံးကွယ်ဖို့ အကြောင်းစုံသိထားတဲ့ YG သင်တန်းသားဟောင်း Han Seo Hee ကို ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါကြောင့်  CEO ဟောင်း Yang Hyun Suk ကို ဥပဒေနဲ့ မလွတ်ကင်းတဲ့ ကိစ္စရပ်တွေကို ဖုံးကွယ်ထားပေးမှု၊ အပြစ်ကင်းစင်သူကို ခြိမ်းခြောက် အကြပ်ကိုင်မှုတို့နဲ့ အမှုဖွင့်ပြီး တရားစွဲဆိုထားပါတယ်။”

Allkpop မီဒီယာမှာ ဖော်ပြချက်အရ CEO ဟောင်း Yang Hyun Suk ဟာ သင်တန်းသားဟောင်း Han Seo Hee ကို ပြီးခဲ့တဲ့ ၂၀၁၆ မှာ B.I ဆေးသုံးစွဲတာ လူမသိစေဖို့ ခြိမ်းခြောက်နှုတ်ပိတ်စေခဲ့တယ်လို့သိရပါတယ်။

CEO တစ်ယောက်အနေနဲ့ idol ရဲ့ image မကျစေဖို့ ဖုံးကွယ်ပေးထားတာဟာ မှန်တယ်ဆိုပေမယ့် ဥပဒေနဲ့ မလွတ်ကင်းတဲ့ ကိစ္စရပ်ဖြစ်တဲ့အတွက် ရဲဌာနက တရားဥပဒေနဲ့ ဆက်လက်ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ သိရပါတယ်။

Ref:allkpop

(ပိုပိုလေး)

 

 

 


07 Nov 2019     1,564 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS