BEC-TERO TV

ဖရီးကစ်ကနေ ဂိုးရမယ့်အခွင့်အရေးကို အသင်းဖော်တစ်ဦးရဲ့ လုယူခြင်းခံခဲ့ရတဲ့ ရော်နယ်ဒို

07 Nov 2019     1,347 Views


မနေ့ညက ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းနှင့် လိုကိုမိုးတစ် ပွဲစဉ်မှာ ဂျူဗင်တပ်စ် တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဖရီးကစ်ကနေ ဂိုးသွင်းယူနိုင်ဖို့အခွင့်အရေး ရခဲ့ပေမယ့် အသင်းဖော် ရမ်ဆေးရဲ့ လုယူခြင်းကို ခံခဲ့ရပါတယ်။

ပွဲအစ (၄) မိနစ်မှာတင် ဂျူဗင်တပ်စ်အသင်းဟာ ဖရီးကစ်ကန်ခွင့်ရခဲ့ပါတယ်။ အဆိုပါ ဖရီးကစ်ကို ရော်နယ်ဒိုက ကန်သွင်းခဲ့ပြီး ဂိုးရဖို့နီးစပ်ခဲ့ပေမယ့် ဂိုးလိုင်းပေါ်မှာ ရမ်းဆေးက ခြေထောက်နဲ့ ပိတ်သွင်းယူခဲ့တာကြောင့် ရမ်ဆေးဂိုးအဖြစ် ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ရော်နယ်ဒိုဟာ ဖရီးကစ်ကနေဂိုးရဖို့ အခွင့်အရေးရခဲ့ပေမယ့် သူ့ရဲ့သွင်းဂိုးအဖြစ် သတ်မှတ်ခံရခြင်းမရှိတာကြောင့် ၂၀၁၈ ခုနှစ်ကနေ ခုထိ ဂျူဗင်တပ်စ်အသင်းမှာ ဖရီးကစ်ကနေ ဂိုးသွင်းနိုင်ခြင်း မရှိသေးတဲ့ စံချိန်ကို ဆက်လက်ထိန်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းမှာ ဖရီးကစ်တာဝန်ကို ယူထားသူဖြစ်ပြီး ၂၀၁၈ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့လာပြီးနောက်ပိုင်း ဖရီးကစ် (၂၉) ကြိမ်ကန်သွင်းရာမှာ တစ်ဂိုးမှ မရရှိသေးပါဘူး။

အဆိုပါဂိုးကို စီရော်နယ်ဒိုက သူ့သွင်းခဲ့ယူသည့်အထင်နဲ့ အောင်ပွဲခံဖို့ ပြင်ဆင်နေပေမယ့် ခဏအကြာမှာ ရမ်ဆေးရဲ့ ဂိုးအဖြစ် သတ်မှတ်ပေးလိုက်ပြီးနောက်မှာတော့ မကျေမခဲ စိတ်ပျက်နေပုံ မြင်တွေ့ခဲ့ရပါတယ်။


07 Nov 2019     1,347 Views




RELATED

Most Popular of Football

Most Popular of Sport