BEC-TERO TV

သိပ္ပံနည်းအရ ယောင်္ကျားတွေဟာ မိန်းမတွေထက် ပိုမရင့်ကျက်နိုင်ကြောင်း ပညာရှင်တွေ ပြောကြား

07 Nov 2019     1,355 Views


“ယောင်္ကျားများဟာ ကလေးလိုပဲ” “ယောင်္ကျားတွေဟာ နားမလည်ပေးတတ်ကြဘူး အထူးသဖြင့် စိတ်ခံစားချက်တွေကိုပေါ့” နေ့စဉ် ကြုံတွေ့နေရတဲ့ လူမှုပတ်ဝန်းကျင်မှာ မိန်းမတွေဆီက ဒီလိုစကားမျိုးတွေ မကြာခဏ ကြားရလေ့ရှိပါတယ်။ relationship တစ်ခုမှာဆိုရင်လည်း မိန်းကလေးဘက်က ပိုနားလည်ပေးရတာတွေ၊ သည်းခံပေးရတာတွေ များလာပြီး ယောင်္ကျားလေးတွေအနေနဲ့ ဒါကို အထူးတလည် သတိမပြုမိတာမျိုးက ဖြစ်ရိုးဖြစ်စဉ် ကိစ္စရပ်တစ်ခုလို ဖြစ်နေတတ်ပါတယ်။ ဒီလို ကိစ္စတွေ ပိုပိုများရတဲ့အခါ ချစ်သူစုံတွဲတွေကြားထဲ “နင်တို့ ယောင်္ကျားတွေကိုက ငါတို့မိန်းကလေးတွေရဲ့ ခံစားချက်ကို နားလည်မပေးတတ်ကြဘူး ” ဆိုတဲ့ ပြဿနာကိစ္စရပ်မျိုးတွေ ရှိလာတတ်ကြပါတယ်။

အောက်စဖို့စ် တက္ကသိုလ်က ပညာရှင်တွေဟာ Realationship ကိစ္စတွေကို အမှီပြုပြီး ယောင်္ကျားလေးနဲ့ မိန်းကလေးမှာ ဘယ်သူက ပိုပြီး ရင့်ကျက်သလဲဆိုတာကို လေ့လာဆန်းစစ်ခဲ့ကြပါတယ်။ သူတို့ဟာ အသက် ၄ နှစ်နဲ့ ၄၀ ကြားမှာရှိတဲ့ ယောင်္ကျားသား ၁၂၁ ယောက်ရဲ့ ဦးနှောက်မှတ်ဉာဏ်ကို လေ့လာ စမ်းသပ်ကြည့်တဲ့အခါ သူတို့ရဲ့ brain function တွေနဲ့ တွေးခေါ်မှု ပုံစံတွေဟာ အတူတူ တစ်ထပ်တည်းကျနေတာကို တွေ့ရတယ်ဆိုပြီး ထုတ်ဖော်ပြောကြားလာပါတယ်။ ဒါကြောင့် ယောင်္ကျားသားတွေရဲ့ အတွေးအခေါ်ဟာ ငယ်ငယ်ကအတိုင်း ဘာမှ ပြောင်းလဲသွားခြင်းမရှိတာကြောင့် မိန်းမတွေထက် မရင့်ကျက်ဘူးလို့ သတ်မှတ်လို့ရပါတယ်။

ယောင်္ကျားသား အများစုရဲ့ ဦးနှောက် function နဲ့တွေးခေါ်မှုပုံစံဟာ အသက် ၄၀ ကျော်မှ ပြောင်းလဲသွားတတ်တာဖြစ်ပြီး ရင့်ကျက်မှုဟာ ထိုအချိန်မှပဲ စတင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပြထားပါသေးတယ်။ ဒါပေမဲ့ “ယောင်္ကျားတွေက မိန်းမတွေထက် ဘာလို့ ဉာဏ်ပိုကောင်းသလဲ” ဆိုပြီး မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။ ဒါကတော့ ရှင်းရှင်းလေးပါ။ ယောင်္ကျားတစ်ယောက်ရဲ့ ဦးနှောက်ဟာ အသက် ၄ နှစ်အရွယ်တစ်ယောက်လို တွေးခေါ်နိုင်သေးတယ်၊ ကလေးတစ်ယောက်လိုပဲ အမြဲတွေးခေါ်တယ် ဆိုကတည်းက ရှင်းနေပါပြီ။ သူတို့ဟာ မိန်းကလေးတွေနဲ့ မတူဘဲ အရာအားလုံးကို လွတ်လပ်စွာတွေးခေါ်နိုင်ကြပြီး ဘာကိုမှဂရုမထားတတ်ဘဲ လွတ်လွတ်လပ်လပ် ပြုမူပြောဆိုနိုင်ကြတာကြောင့် တီထွင်ဆန်းသစ်ဖို့လိုတဲ့ ကိစ္စရပ်မျိုးတွေမှာ သူတို့ကပိုပြီး အားသာနေတတ်တာပဲဖြစ်ပါတယ်။

မိန်းကလေးတွေအနေနဲ့ ယောင်္ကျားလေးတွေထက်ပိုပြီး အားသာနေတဲ့အချက်ကတော့ လူမှုဆက်ဆံရေး၊ ကိုယ်ချင်းစာတရားနဲ့ မေတ္တာထားတတ်မှု၊ သနားကြင်နာတတ်မှုနဲ့ နားလည်ပေးတတ်မှုတို့ပဲဖြစ်ပါတယ် ဆိုတဲ့အကြောင်း အောက်စဖို့စ် တက္ကသိုလ်မှ သုတေသီတွေက အတည်ပြုပြောကြားသွားပါတယ်

Ref: brightside

(ပိုပိုလေး)

 

 

 

 


07 Nov 2019     1,355 Views




RELATED

Most Popular of International News

Most Popular of NEWS