BEC-TERO TV

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ နေရာကို ဦးညီညီထွန်းလွင်က တာဝန်ယူသွားမည်

08 Nov 2019     1,409 Views


မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ (အသစ်) ရွေးချယ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အစည်းအဝေးခန်းမတွင် ကျင်းပြပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ (ဟောင်း) ဖြစ်သူ ဦးဇင်ဝိုင်းက နှုတ်ထွက်ခဲ့တာကြာင့် ဦးညီညီထွန်းလွင်အား မဲပေးတင်မြောက်ခဲ့ကြတာ​ဖြစ်ပါတယ်။

အဆိုပါရွေးချယ်ပွဲသို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဦးဆောင်နာယကများဖြစ်ကြသော ဒါရိုက်တာ ဗိုလ်ကလေးတင့်အောင်၊ ဒါရိုက်တာ အောင်မြင့်မြတ်၊ ဒါရိုက်တာ ပန်ချီစိုးမိုး၊ ဒါရိုက်တာ ဦးအောင်လွင်၊ ဦးစိန်တင်နှင့် မောင်နှင်းမိုးတို့ တက်ရောက်ကြပြီး ရုပ်ရှင်နှင့်သက်ဆိုင်သော အမူဆောင် (၁၈) ဦးတို့က မဲပေးရွေးချယ်ခဲ့ပါတယ်။


မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ (ဟောင်း) ဖြစ်သူ ဦးဇင်ဝိုင်းက "မိမိဆန္ဒအလျောက် နှုတ်ထွက်ခြင်းဖြစ်ပါတတယ်။ တာဝန်ထမ်းဆောင်ရန် (၄) နှစ်ဖြစ်သော်လည်း (၂) နှစ်သာ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ကျန် (၂) နှစ် မလုပ်ဆောင်နိုင်တော့တာကြောင့် စိတ်မကောင်းဖြစ်ရပါကြောင်း၊ ယခုဥက္ကဋ္ဌ (အသစ်) ကိုလည်း အစွမ်းကုန် ကူညီသွားမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့ပါတယ်။

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ (သစ်) ဖြစ်သူ ဦးညီညီထွန်းလွင်က "ဦးဇင်ဝိုင်း ရာထူးမှ နုတ်ထွက်သွားပြီး ကျန်ရှိနေတဲ့ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ သက်တမ်းကို ဘယ်သူ့ မျက်နှာမှ ထောက်တာ၊ ငဲ့တာမျိုး မရှိဘဲ ရိုးရိုးသားသား၊ ပြတ်ပြတ်သားသား ဆက်လက် တာဝန်ယူ ထမ်းဆောင်သွားမယ်" ပြောကြားခဲ့ပါတယ်။

 


08 Nov 2019     1,409 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS