BEC-TERO TV

တရုတ်နိုင်ငံကဇာတ်လမ်းတွဲမှာ အရံသရုပ်ဆောင်အနေနဲ့ပါဝင်လာတဲ့ မြန်မာနိုင်ငံသူလေး Sandarlin Yang Yang

08 Nov 2019     2,244 Views


တရုတ်နိုင်ငံက ရိုက်ကူးတင်ဆက်တဲ့ ဇာတ်လမ်းတွဲမှာ မြန်မာနိုင်ငံဖွား သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်လာတဲ့ မော်ဒယ်၊သရုပ်ဆောင် Sandarlin Yang Yang နဲ့ ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေ။ Sandarlin Yang Yang ရဲ့ ပရော်ဖက်ရှင် အလုပ်ကတော့ မော်ဒယ် ဖြစ်ပြီး သူမဟာ လူသိများတဲ့ ကုန်ပစ္စည်း brands တွေဖြစ်ကြတဲ့ Ansi, D&A နဲ့ Givon Myanmar တို့ရဲ့ ပင်တိုင် ကြော်ငြာမော်ဒယ် တစ်ဦးလည်းဖြစ်ပါတယ်။

သူမကို အများစုက  facebook account name အတိုင်း Sandarlin Yang Yang လို့သိကြပြီး တချို့ကလည်း Angle Moe ဆိုပြီး သိကြပါတယ်။

Sandarlin Yang Yang ဟာ ‘Ai de zhou lu’ အမည်ရတဲ့ တရုတ်ဇာတ်လမ်းတွဲ စီးရီးမှာ အရံသရုပ်ဆောင် အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး လတ်တလောအချိန်ကာလအတွင်းမှာမှ အွန်လိုင်းနဲ့ တီဗွီချန်နယ်တွေမှာ ထုတ်လွှင့်ပြသခွင့်ကို တရုတ်အစိုးရဆီက ရရှိခဲ့တာပဲဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာ Yang Yang က တော်ပြီးထက်မြက်တဲ့ စီးပွားရေးလုပ်ငန်းရှင် မိန်းကလေးတစ်ဦးအဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ချစ်သူ သတို့သားလောင်းနဲ့ သူမတို့ကြား ဝင်နှောင့်ယှက်တဲ့ မိန်းကလေးကို အထက်တန်းကျကျ ပညာရှိနည်းနဲ့ လက်စားချေသွားတဲ့ အခန်းတွေမှာ အပီအပြင် သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။

Sandarlin Yang Yang ပါဝင်သရုပ်ဆောင်ထားတဲ့ ‘Ai de zhou lu’ ဇာတ်လမ်းတွဲကို အပြည့်အဝ စုံစုံလင်လင် ကြည့်ရှုလိုတယ်ဆိုရင်တော့ တရုတ် application တစ်ခုဖြစ်တဲ့ Tengxun app မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ မြန်မာနိုင်ငံသား တစ်ယောက် တရုတ်နိုင်ငံတစ်ဝှမ်းလုံးမှာ ထုတ်လွှင့်ပြသသွားမယ့် ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ရတာဟာ သိပ်ကို ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စရပ်တစ်ခုပါပဲ။ Sandarlin Yang Yang ကိုချစ်တဲ့ ပရိတ်သတ်တစ်ဦးအနေနဲ့ အမှန်တကယ်ပဲ ဂုဏ်ယူဝမ်းသာနေမိပါတယ်။

Ref:sandarlin yang yang

(ပိုပိုလေး)

 


08 Nov 2019     2,244 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS