BEC-TERO TV

ဘတ်ပေကို ကမ္ဘာ့စံချိန်တင် ပြောင်းရွေ့ကြေးဖြင့် ခေါ်ယူဖို့ ပြင်ဆင်လာတဲ့ ရီးရဲလ်မက်ဒရစ်

13 Nov 2019     1,415 Views


ရီးရဲလ်မက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီ တိုက်စစ်မှူး ကီလီယန် အမ်ဘတ်ပေကို ကမ္ဘာ့စံချိန်တင် ပေါင် (၃၄၀)သန်းအထိ ပေးပြီး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ Le Parisien သတင်းစာရဲ့ ဖော်ပြချက်အရ ရီးရဲလ်အသင်းဟာ အမ်ဘတ်ပေကို သူတို့ရဲ့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပြီး လာမယ့် နွေရာသီမှာ ကြိုးပမ်းဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။


အသက် (၂၀) အရွယ် အမ်ဘတ်ပေကို လက်ရှိ ဥရောပ ချန်ပီယံ လီဗာပူးလ်ကလည်း စိတ်ဝင်စားနေပြီး ကလပ်စံချိန်တင်ကြေးနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဗြိတိန် သတင်းတွေက ဖော်ပြထားပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းပရိတ်သတ်တွေဟာ ဘတ်ပီကို ခေါ်ယူပေးဖို့ မျှော်လင့်နေကြပါတယ်။

ယခုအချိန်မှာ ကမ္ဘာ့ စံချိန်တင်ပြောင်းရွေးအများဆုံးအဖြစ် ၂၀၁၇ ခုနှစ်က ဘာစီလိုအသင်းကနေ ပီအက်စ်ဂျီအသင်းကို ပြောင်းရွေ့သွားတဲ့ နေမာက  ယူရို သန်း (၁၉၈) သန်းဖြင့် မှတ်တမ်းဝင်ထားတာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းကသာ ဘတ်ပီကို ခေါ်ယူနိုင်ခဲ့ပါက ကမ္ဘာပြောင်းရွေ့ကြေးအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။

ရာသီအစက ရီးရဲလ်အသင်းဟာ ဘတ်ပီကို ခေါ်ယူဖို့ အသင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဖရန့်ဖက်အသင်းတိုက်စစ်မှူး ဂျိုဗစ် နဲ့ ချဲလ်ဆီးအသင်းမှ အီဒင် ဟာဇက်တို့ကို ခေါ်ယူထားခဲ့ပါတယ်။ လာမယ့် နွေရာသီ အပြောင်းအရွေ့မှာတော့ ဘတ်ပီကို အပြီးသတ် ခေါ်ယူသွားနိုင်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

Ref; dailymail


13 Nov 2019     1,415 Views




RELATED

Most Popular of Football

Most Popular of Sport