BEC-TERO TV

အာရှရဲ့ အလှဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခံရတဲ့ လီဆာ

14 Nov 2019     1,944 Views


တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် ‘‘BLACK PINK’’  အဖွဲ့ဟာ အချောအလှပဂေးတွေနဲ့ ဖွဲ့စည်းထားပြီး တစ်ကမ္ဘာလုံးမှ ပရိတ်သတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ နာမည်ကျော် တေးဂီတ အဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်။

‘‘BLACK PINK’’ အဖွဲ့မှ အသက်အငယ်ဆုံးဖြစ်တဲ့ လီဆာဟာ အာရှရဲ့ အသက်အလှဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာဝိုင်းလေးနဲ့ မျက်လုံး ဝိုင်းဝိုင်းလေးတွေ ကြောင့် ယောကျ်ားလေး ပရိတ်သတ်တွေသာမက မိန်းကလေး ပရိတ်သတ်တွေကရော တစ်ခဲနက် အားပေးမှုကို ရရှိတားတာဖြစ်ပါတယ်။

အာရှရဲ့အလှဆုံးသော အမျိုးသမီးစာရင်းမှာ နံပါတ်တစ်ဖြစ်တဲ့ လီဆာဟာ ထိုင်းလူမျိုးတစ်ဦးဖြစ်ပါတယ်။ အခုလို ရွေးချယ်ခံရတာဟာ လီဆာ အတွက်တော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ http://eonline.com/ ရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

‘‘BLACK PINK’’ အဖွဲ့မှာ လီဆာက နံပါတ် (၁)နေတာဖြစ်ပြီး အခြားသော အဖွဲဝင်တွေဖြစ်တဲ့ ဂျန်းနီဟာ ဆိုရင်လည်း နံပါတ် (၃) နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ကျန်တဲ့ အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ ရို့စ်နဲ့ ဂျီဆိုးတို့ဟာ နံပါတ် ၁၃ နဲ့ ၂၂ နေရာတွေမှာ အသီးသီးရပ်တည်နေတာဖြစ်ပါတယ်။ဒါကြောင့် ယခုနှစ် မှာ အဖွဲ့ဝင်လေးဦးလုံး အာရှအလှဆုံး အမျိုးသမီးစာရင်း ဝင်ခဲ့တာလို့ ဆိုရမှာပါ။


14 Nov 2019     1,944 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment