BEC-TERO TV

ရထားနှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုကြောင့် လူ (၁၆) ဦးထက်မနည်း သေဆုံး

14 Nov 2019     1,795 Views


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကာဘာစ်မြို့ရှိ Mondobhag ဘူတာတွင်း ရထားနှစ်စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့ပြီး လူ (၁၆) ဦးထက်မနည်းသေးဆုံးခဲ့ပြီး (၆၀) နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါကာသို့ ထွက်ခွာမည့် ရထားနှင့် စစ်တကောင်းသို့ ထွက်ခွာမည့်ရထားဟာ ကာဘာစ်မြို့ရှိ Mondobhag ဘူတာရုံတွင် တိုက်မိခဲ့ခြင်းဖြစ်တာကြောင့် ရထားတွဲသုံးခု ရထားသံလမ်းပေါ်သို့ လွင့်စင့်သွားခဲ့ပါတယ်။ အခုလို့ အရှိန်ပါတဲ့ ရထားနှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့တာကြောင့် အသံကြားလောင်စွာကြားခဲ့ရပြီး ရထားမှာလည်း တစ်စစီဖြစ်သွားတယ်လို့ အနီးနားမှ မျက်မြင်တစ်ဦးက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်တွင် ရထားလမ်း မတော်တဆဖြစ်မှုများမှာ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ ဇွန်လက ရထားတစ်စင်း ဖြတ်သွားနေစဉ် တံတားတစ်စင်းပြိုကျခဲ့မှုကြောင့် တူးမြောင်းထဲသို့ ပြုတ်ကျခဲ့ပြီး ငါးဦး သေဆုံးကာ (၁၀၀) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ယခုလို မတော်မဆဖြစ်ပွားမှုတွေဟာ လမ်းသွားသူများက ရထားလမ်းဖြတ်ကူးနေစဉ် မိုဘိုင်းဖုန်းများ အသုံးပြုခြင်း ၊ မီးရထား ဝန်ထမ်းများ၏ နမော်နမဲ့ ပေါ့ဆမှုများကြောင့် ရထားလမ်းများကို ထိန်းသိမ်းမှု ညံ့ဖျင်းခြင်းကြောင့်ဖြစ်တယ်လို့ SCRF က ထုတ်ပြန်ထားပါတယ်။


14 Nov 2019     1,795 Views




RELATED

Most Popular of International News

Most Popular of NEWS