BEC-TERO TV

Benjamin Sum ကို ပညာသားပါပါ မေးခွန်းထုတ်လိုက်တဲ့ ဥက္ကာဦးသာ (ရုပ်သံ)

15 Nov 2019     1,617 Views


Myanmar Idol Season 4 ရဲ့ ယောကျ်ားလေးပြိုင်ပွဲဝင်တွေထဲမှာ အသက်အငယ်ဆုံးနဲ့ အဆိုပညာ အပါးနပ်ဆုံးဖြစ်တဲ့ ‘Benjamin Sum’ ကို Music Director အဖြစ် ဆောင်ရွက်နေတဲ့ ဝါရင့်သဘာရင့် ဂီတပညာရှင် ‘ဥက္ကာဦးသာ’ က ပညာသားပါတဲ့ မေးခွန်းတစ်ခု ထုတ်လိုက်ပါတယ်။

သား Benjamin မင်းဘာဖြစ်ချင်လို့ ဆရာတို့ ဘာလုပ်ပေးရမလဲ..?” လို့ ဆရာဥက္ကာဦးသာ က ချိုချိုသာသာပဲ ပညာသားပါပါ မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

Myanmar Idol Season 1 ထဲကနေ အဆိုပြိုင်ပွဲဝင်တွေကို တလျှောက်လုံး သင်ကြားပြသပေးခဲ့ကြတဲ့ ဆရာမထရေစီ နဲ့ ဆရာဥက္ကာဦးသာ တို့ဟာ ဂီတနယ်ပယ်မှာ ကျွမ်းကျင်သူပညာရှင်တွေအဖြစ် ဖြတ်သန်းကျင်လည်ခဲ့တာ နှစ်ပေါင်း ၂၀ မက ကြာမြင့်နေပြီဖြစ်တဲ့ ဝါရင့်သဘာရင့် အနုပညာရှင်ကြီးတွေဖြစ်ပါတယ်။

ပြိုင်ပွဲဝင် ‘Benjamin Sum’ ကလည်း ငယ်ငယ်လေးကတည်းက ဂီတနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့သူမို့ အသက်ငယ်ပေမယ့် အဆိုပါရမီဘက်မှာ အခံအားကောင်းသူဖြစ်ပါတယ်။ ဒီလိုတော်ပြီးသား တတ်ပြီးသား ပြိုင်ပွဲဝင်ကို သင်ကြားလေ့ကျင့်ပေးရတဲ့နေရာမှာ ဆရာဥက္ကာဦးသာ တို့အနေနဲ့ အခက်အခဲလေးတွေ ရှိနေပုံရပါတယ်။

သူသီချင်းတိုက်တိုင်းမှာ သူ့မှာအခက်အခဲလေးတွေ အမြဲရှိနေတော့ ကျွန်တော်တို့နဲ့ သူတို့ကြားထဲမှာ အမေးအဖြေလေး ရှိနေတာလေး တစ်ခုတော့ရှိနေပါတယ်” လို့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

ပြိုင်ပွဲဝင်တွေ မယှဉ်ပြိုင်မီ ပြသလေ့ရှိတဲ့ သီးချင်းတိုက်နေတဲ့ အချိန်နဲ့ သီချင်းလေ့ကျင့်ပေးတဲ့ ဆရာနှစ်ဦးတို့ရဲ့ ပြိုင်ပွဲဝင်တွေရဲ့ အဖြအနေတွေအပေါ် အင်တာဗျူးတဲ့ အခါတိုင်း အခုအချိန်အထိတော့ ‘Benjamin Sum’ ကို ဒီတစ်ခါ အရမ်းအားရတယ်၊ စိတ်ချတယ် ဆိုတာမျိုး ပြောသံမကြားရသေးပါဘူး။ အဲဒီအစား သူ့မှာရှိတဲ့ အဆိုပညာနဲ့ ပါရမီကို မှန်မှန်ကန်ကန် အသုံးမချနိုင်မှာ စိုးရိမ်တယ်၊ အခုချိန်ထိတော့ သူကြိုးစားနေရတုန်းပါပဲ၊ သူ့အတွက် နဲနဲတော့ စိတ်ပူမိပါတယ် စသည်ဖြင့်တို့သာ ဆရာနဲ့ ဆရာမတို့ရဲ့ သုံးသပ်ချက်ကို တတိယ Live Show အထိ ကြားနေရဆဲဖြစ်ပါတယ်။

ဒါပေမယ့် စင်ပေါ်မှာ တစ်ကယ် သီချင်းဆိုရတဲ့ အချိန်မှာတော့ ပရိသတ်တွေရဲ့ လက်ခုတ်သံတွေနဲ့အတူ ဒိုင်လူကြီးတွေရဲ့ ကောင်းမွန်တဲ့ မှတ်ချက်တွေကို ‘Benjamin Sum’ ရရှိစမြဲဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ‘Benjamin Sum’ အနေနဲ့တော့ သူအမှန်တစ်ကယ် ဘာဖြစ်ချင်တာလဲဆိုတာကိုတော့ ဆရာဥက္ကာဦးသာ တို့ကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်မှသာ ရှေ့လျှောက် လက်တွဲညီညီနဲ့ ဖိုင်နယ်အဆင့်ရောက်အောင် ဆရာတို့ဘက်က ပံ့ပိုးပေးဖို့အတွက်လည်း လွယ်ကူသွားမယ်ဆိုတာကတော့ သေချာနေပါတယ်..။

“Benjamin Sum သားရေ.. သားက ဘာဖြစ်ချင်နေလို့ ဆရာတို့ ဘာလုပ်ပေးရမလဲကွယ်..?”


15 Nov 2019     1,617 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS