BEC-TERO TV

အွန်လိုင်းရှော့ပင်း စွဲလန်းနေသူများဟာ စိတ်ကျန်းမာရေး ချို့ယွင်းသူများဖြစ်

15 Nov 2019     1,619 Views


အွန်းလိုင်းရှော့ပင်း စွဲလန်းမှုကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့ယွင်းမှုအဖြစ် တရားဝင် အသိအမှတ်ပြုသင့်ကြောင်း စိတ်ရောဂါကုပညာရှင်များက အခိုင်အမာ ထောက်ခံအကြံပြုခဲ့ကြပါတယ်။ ယခင် ဆယ်စုနှစ်ပေါင်းများစွာက ဈေးဝယ်ရတာကို အလွန်အမင်းစွဲလန်းခဲ့သူတွေကို စိတ်မူမှန်ရောဂါ ‘Buying-shopping disorder’ (BSD) အဖြစ် အသိအမှတ်ပြုထားခဲ့ကြပါတယ်။

ယခုတဖန် အင်တာနက်များ ပေါ်ပေါက်လာပြီးနောက် အွန်လိုင်းပေါ်မှာ ဈေးဝယ်ရတာကို စွဲလန်းနှစ်ခြိုက်သူတွေ များပြားလာခဲ့ပြီး လူ ၂၀ မှာ ၁ ဦးက ဒီရောဂါဖြစ်ပွားနေကြောင်း စစ်တမ်းများအရ သိရှိရပါတယ်။

သုတေသီတွေက ဒီရောဂါရဲ့ လက္ခဏာရပ်တွေနဲ့ စွဲလမ်းတပ်မက်တဲ့စိတ်ကို သက်ရောက်စေတဲ့ အကြောင်းအချက်လက်တွေကို ခိုင်ခိုင်လုံလုံရှိထားပြီး ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

အွန်လိုင်းမှာ စွဲစွဲလန်းလန်း ဈေးဝယ်နေကြသူတွေဟာ နောက်ဆုံးမှာ အကြွေးတင်တဲ့ ပြဿနာတွေနဲ့ အဆုံးသတ်ရသလို သူတို့ချစ်ခင်ရတဲ့ သူတွေနဲ့လည်း ကတောက်ကဆတွေဖြစ်ပြီး သူတို့ကိုယ်သူတို့ လုံးဝထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ ဆိုပါတယ်။

အခုအချိန်ဟာ BSD ကို သီးခြား စိတ်ရောဂါအဖြစ် တရားဝင်သတ်မှတ်သင့်တဲ့ အချိန်ရောက်နေပါပြီ” လို့ ဂျာမဏီနိုင်ငံ Hannover ဆေးကျောင်းမှ စိတ်ကုပညာရှင် ဒေါက်တာ Muller က ဆိုပါတယ်။

လေ့လာစမ်းစစ်မှုတွေအရ လူနာ ၁၂၂ ဦးမှာ အွန်လိုင်းရှော့ပင်း စွဲလန်းလွန်းတဲ့ စိတ်ဟာ ပုံမှန်ထက် မြင့်မားလာနေတာကြောင့် စိတ်ဖိစီးမှုနဲ့ စိတ်မတည်ငြိမ်မှုတွေ ဖြစ်လာပြီး ကုသနိုင်ဖို့ အကူအညီတောင်းခံလာတာတွေ ရှိနေပါတယ်။

အွန်းလိုင်းစျေးဆိုင်တွေ များလာခြင်း၊ ၂၄ နာရီပတ်လုံး ဝန်ဆောင်မှုပေးခြင်း၊ အိမ်အရောက်ပစ္စည်းပို့စနစ်များ ကောင်းမွန်တိုးတက်လာခြင်းတို့က အွန်လိုင်းရှော့ပင်း ရောဂါကို ပံ့ပိုးပေးနေတာဖြစ်တယ်လို့ လူနာတွေက ဆိုပါတယ်။

လက်ရှိမှာတော့ BDS ကို စိတ်ရောဂါအဖြစ် သီးခြားသတ်မှတ်ထားခြင်း မရှိသေးပေမယ့် စိတ်ထိန်းနိုင်မှုစွမ်းအား ပျက်ပြားတဲ့ အခြေအနေအဖြစ်တော့ လက်ခံထားပါတယ်။ ဒီလိုခံစားနေရတဲ့ လူနာဟာ အချိန်ကြာလာရင် ပိုက်ဆံကို အလွန်အကျွံသုံးလိုက်ရမှ စိတ်ကျေနပ်မှုရသွားတဲ့ အခြေနေထိ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ကျွန်မတို့ လေ့လာတွေ့ရှိချက်တွေကို အွန်လိုင်းရှော့ပင်း စွဲလန်းသူတွေနဲ့ BSD ရောဂါအတွက် ကုသဖို့နည်းလမ်း ရှာဖွေနေတဲ့ လူနာတွေရဲ့ကြားကို ကျယ်ကျယ်ပြန့်ပြန့် ချပြနိုင်ရင်တော့ နောက်ထပ်ပြုလုပ်မယ့် သုတေသနတွေမှာ ဒါတွေကို ထိထိရောက်ရောက် အသုံးချသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဒေါက်တာ Mulla က ဆိုပါတယ်။

သူတို့တွေ သုတေသနပြု လေ့လာထားတဲ့ အကြောင်းအရာတွေကို Comprehensive Psychiatry ဂျာနယ်မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။


15 Nov 2019     1,619 Views




RELATED

Most Popular of Special or Others

Most Popular of NEWS