BEC-TERO TV

ပေါ်တူဂီအသင်းအတွက် ဟက်ထရစ်သွင်းယူပြီး ဂိုးတွေမြူးနေတဲ့ စီရော်နယ်ဒို

15 Nov 2019     1,308 Views


လစ်သူယေးနီးယားအသင်းကို ၆ ဂိုးပြတ်အနိုင်ရတဲ့ ပွဲမှာ ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ   ပေါ်တူဂီအသင်းအတွက် (၉) ကြိမ်မြောက် ဟက်ထရစ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဒီနှစ်အတွင်းမှာလည်း ပေါ်တူဂီအသင်းအတွက် (၁၃) ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ အခုသွင်းဂိုးပမာဏဟာ ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ နှစ်လည်းဖြစ်ပါတယ်။

စီရော်နယ်ဒိုရဲ့ ပြိုင်ဘက်ကြီး မက်ဆီကတော့ နိုင်ငံအသင်းအတွက် ၂၀၁၇ ၊ ၂၀၁၈ ၊ ၂၀၁၉ သုံးနှစ်တာအတွင်း သွင်းဂိုး (၁၁)ဂိုးသာရယူနိုင်ခဲ့တာကြောင့် ရော်နယ်ဒို ဒီနှစ်အတွင်းမှာ ရရှိခဲ့တဲ့ သွင်းဂိုးထက် နည်းပါးနေတာဖြစ်ပါတယ်။

 ရော်နယ်ဒိုဟာ နိုင်ငံအသင်းမှာ ဂိုးတွေမြူးနေပေမယ့် ဂျူဗင်တပ်စ်အသင်းမှာ ပုံစံကောင်းရဖို့ ရုံးကန်နေရပါတယ်။ ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီက ရော်နယ်ဒိုဟာ ဒူးဒဏ်ရာကြောင့် လို့ ဆင်ခြေပေးခဲ့ပေမယ့် ပေါ်တူဂီနည်းပြ ဖာနန်ဒို ဆန်းတို့စ်ကတော့ သူရဲ့ ကြံခိုင်မှုအပေါ်ကို အနည်းလေးမှ သံသယ မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့ ကစားတဲ့ နောက်ဆုံး (၅) ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ပြီး သွင်းဂိုးက (၁၀) ဂိုးအထိရှိနေပါတယ်။ ရော်နယ်ဒိုဟာ ကစားသမားဘဝ ဟက်ထရစ်အကြိမ်ပေါင်း (၅၅) ကြိမ်ရှိဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ နိုင်ငံတကာသွင်းဂိုးကလည်း ၉၈ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပြီး ဥရောပရဲ့ နိုင်ငံတကာသွင်းဂိုး ၁၀၀ ပြည့်မယ့် ပထမဆုံးကစားသမားဖြစ်လာဖို့ အလားအလာကောင်းနေတာ ဖြစ်ပါတယ်။


15 Nov 2019     1,308 Views




RELATED

Most Popular of Football

Most Popular of Sport