BEC-TERO TV

ဇလာတန်သာ မန်ယူမှာမကစားခဲ့ဖူးဆိုရင် သူ့ကိုခေါ်ဖို့စဉ်းစားမယ်ဆိုတဲ့ ဂျာဂျင် ကလော့

15 Nov 2019     1,558 Views


ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အီဗရာဟီမိုဗစ်ဟာ LA Galaxy နဲ့ ဒီနှစ်ကုန်မှာ စာချုပ် ကုန်ဆုံးတော့မှာဖြစ်ပြီး နောက်ထပ်စာချုပ်မချုပ်ဘဲ အသင်းကနေ ထွက်ခွာဖို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

ဘောလုံး နတ်ဘုရားကြီး လူသိများတဲ့ အီဗရာဟီမိုဗစ်ဟာ ဥရောပအသင်းကြီးအများစုမှာကစားခဲ့ပြီး တစ်ဦးချင်းဆုတံဆိပ် ၊ အသင်းလိုက်ဆုတံဆိပ်တို့ကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

အီဗရာဟီမိုဗစ်ကို လီဗာပူးလ်အသင်းခေါ်မလားဆိုတဲ့ မီဒီယာတွေရဲ့မေးခွန်းကို လီဗာပူးလ်အသင်းနည်းပြ ကလော့က ‘ အီဗရာဟီမိုဗစ်ဟာ မန်ယူအသင်းမှာ မကစားခဲ့ဖူးဆိုရင် သူကိုခေါ်ဖို့ စဉ်းစားမှာပါ။ သူက ဒီမှာမကစားချင်ဘူး ပြောရင်တောင်မှ ကျွန်တော်တို့အသင်းက အရမ်းတောင့်တင်နေတဲ့ အသင်းပါ ’ လို့ ဟာသလုပ်ပြောခဲ့ပါတယ်။

‘ကျွန်တော် ဇလာတန်ကို အများကြီး လေးစားမှုရှိပါတယ်.၊ သူရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားဘဝကလည်း အရမ်းမိုက် ၊ အရမ်းခမ်းနားပါတယ်။ သူဟာ သူကိုယ်သူ ယုံကြည်မှုရရှိရှိနဲ့ ဖြတ်သန်းနေတာပါ ’

‘လူတိုင်းဟာ အမြဲတမ်းတော မမှန်နိုင်ပေမယ့် သူဟာ ဘောလုံးကို ဖျော်ဖြေမှုအများကြီးပေးနိုင်တဲ့ ကစားသမားပါ။ သူဘောလုံးကစားသမားဘဝကနေ အနားမယူသေးဖို့ မျှော်လင့်ပါတယ်။ ’လို့ပြောကြားခဲ့ပါတယ်။

အသက် (၃၈) နှစ်ရှိ အီဗာရာဟီမိုဗစ်ဟာ ဥရောပတခွင်မှာ အသင်းကြီးတွေဖြစ်တဲ့ အင်တာမီလန် ၊ အေစီမီလန် ၊ ဂျူဗင်တပ်စ် ၊ ပီအက်စ်ဂျီ ၊ ဘာစီလိုနာ ၊ မန်ယူ စတဲ့ ကလပ်အသင်းကြီးတွေမှာ ကစားခဲ့တာ ဖြစ်ပါတယ်။


15 Nov 2019     1,558 Views




RELATED

Most Popular of Football

Most Popular of Sport