BEC-TERO TV

စင်ကာပူတွင် ကားလမ်းဖြတ်ကူးရာက မြန်မာတစ်ဦး ယာဉ်နှစ်စီးဆင့်တိုက်ခံရ

18 Nov 2019     1,761 Views


နိုဝင်ဘာလ ၁၇ ရက်နေ့ တနင်္ဂနွေနေ့ညပိုင်းက စင်ကာပူနိုင်ငံရှိ မြန်မာများစုဝေးရာ ပန်နီဆူလာပလာဇာ ရှေ့တွင် လူကူးမျဉ်းကြားမှ မကူးသဖြင့် မြန်မာအမျိုးသားတစ်ဦး ယာဉ်နှစ်စီး ဆင့်တိုက်ခံခဲ့ရကြောင်း စင်ကာပူမြန်မာအသိုင်းအဝိုင်းမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ရန်ကုန်မြို့ အလုံမြို့နယ်တွင်နေထိုင်သူ အဖြစ်သာသိရှိရပြီး အမည်မသိရှိရသေးသူ အမျိုးသားက City Hall မြေအောက်ရထားဘူတာရုံမှ ထွက်လာပြီး ပန်နီဆူလာပလာဇာ ဘက်သို့ ကားလမ်းကူးစဉ် လူကူးမျဉ်းကြားမှ မကူးခဲ့သဖြင့် Grab ပစ္စည်းပို့ဆောင်ရေး ဆိုင်ကယ်နဲ့ တိုက်ခံရပြီးနောက် လွင်ကျသွားစဉ် နောက်ထပ်ကားတစ်စီးကပါ ဆက်တိုက်ခံခဲ့ရသဖြင့် သတိလစ်မေ့မျောနေသောအခြေအနေနဲ့ ဆေးရုံရောက်သွားခဲ့ကြောင်း သိရသည်။

လူနာ၏ အခြေအနေနဲ့ မည်သူမည်ဝါဖြစ်သည်ကို ဆက်လက် စုံစမ်းဆဲဖြစ်ပြီး ယာဉ်တိုက်ခံရသူ၏ ဆွေမျိုးသားချင်းများ သိရှိနိုင်ရန် သူ၏ဓါတ်ပုံ၊ Facebook အကောင့်နဲ့တစ်ကွ ဖော်ပြပေးလိုက်ရပါတယ်။

ပြန်လည်ဝေမျှခြင်းဖြင့် မြန်မာအချင်းချင်းရိုင်းပင်းကူညီပေးကြပါ။


18 Nov 2019     1,761 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS