BEC-TERO TV

ဆုကြီးပေါက် ထီလက်မှတ် မိန်းမဆီက ခင်ပွန်းသည် လုယူထွက်ပြေး

18 Nov 2019     1,326 Views


အသက် ၃၄ နှစ်အရွယ် အမျိုးသားဟာ ဆုကြီးပေါက်နေတဲ့ ထီလက်မှတ်ကို ဇနီးသည်ဆီက မိုက်ကြေးခွဲပြီး လုယူကာ အိမ်ကနေ ထွက်ပြေးသွားခဲ့ပါတယ်။ ထီလက်မှတ်ဟာ ပြီးခဲ့တဲ့ စနေနဲ့က ထွက်ခဲ့တာဖြစ်ပြီး ထိုင်းဘတ် ၆ သန်းဆု ပေါက်နေတာဖြစ်ပါတယ်။

‘ပွန်သီတာချန်မနန်ဝပ်’(၃၂ နှစ်) က သူ့ရဲ့ခင်ပွန်း ထီလက်မှတ်နဲ့အတူ ပျောက်ဆုံးနေတာကို ရဲစခန်းမှာ တိုင်ကြားအမှုဖွင့်ထားပါတယ်။ ထီပေါက်ထားတဲ့ ငွေတွေကို ညီတူညီမျှခွဲယူကြမယ်လို့ အချင်းခြင်း ကတိပြုထားကြပေမယ့် ခင်ပွန်းဖြစ်သူက ထီလက်မှတ်ကိုယူပြီး အိမ်ကနေ ပျောက်သွားတာဖြစ်ပါတယ်။

‘ပွန်သီတာ’ က အူဘွန်ရတ်ချထနီ က ဖြစ်ပြီး သူမရဲ့ခင်ပွန်း ‘ဝီဂျက်ဝနာပရာစစ်’ ကတော့ ဘန်ကောက်မြို့ကဖြစ်ပါတယ်။ သူတို့နှစ်ဦး စက်ရုံတစ်ခုမှာ အတူတူအလုပ်လုပ်ရင်းနဲ့ ဆုံဆည်းခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က သူတို့ထိုးထားတဲ့ ထီလက်မှတ်ကနေ ဘတ်ငွေ ရာဂဏန်းလောက်ပေါက်ခဲ့တာကြောင့် စနေနေ့မှာ ထွက်မယ့် ထီလက်မှတ် နှစ်စောင်ကို အတူတူဝယ်ခဲ့ကြတာဖြစ်ပြီး ဇနီးသည်ရွေးချယ်ခဲ့တဲ့ ထီတစ်စောင်ကြနေ ဆုကြီး ထပေါက်တာဖြစ်ပါတယ်။

သူမရွေးချယ်ခဲ့တဲ့ နံပါတ် ၀၁၇၂၂၃ က စနေ့နေ့မှာ ပထမဆု ဘတ် ၆ သန်း ပေါက်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ထီလက်မှတ်နဲ့အတူ ထီပေါက်ကြောင်းကို အနီးနားက ရဲစခန်းမှာ သွားရောက်သက်သေခံ မှတ်ပုံတင်ခဲ့ကြပါတယ်။ အဲဒီနောက် သူတို့နှစ်ဦး ငှားနေတဲ့အိမ်ခန်းကို ပြန်လာပြီး ဆုငွေကို တစ်ယောက်တစ်ဝက်စီ ခွဲယူကြမယ့်အကြောင်း၊ ဘာတွေသုံးမယ်ဆိုတာတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ တိုင်ပင်ပြောဆိုခဲ့ကြပါတယ်။

တနင်္ဂနွေနေ့ ညနေခင်းမှာတော့ ခင်ပွန်းဖြစ်သူက စိတ်ပြောင်းသွားပြီး သူမကို ဘတ် ၂ သန်းပဲပေးနိုင်မယ်လို့ ပြောလာပါတယ်၊ အဲဒီအတွက် သူတို့ချင်း စကားများကြပါတယ်။ ခင်ပွန်းဖြစ်သူက မကျေနပ်ရင် သွားတိုင်လို့ ပြောကာ ထီလက်မှတ်ကိုယူပြီး အိမ်ပေါ်ကနေ ဆင်းသွားတာဖြစ်ပါတယ်။

လက်တလောမှာတော့ ‘ပွန်သီဒါ’ က ထီလက်မှတ်ကို ဆုငွေထုတ်လို့မရအောင် တားပေးထားပါရန် ရဲတွေကို မေတ္တာရပ်ခံထားပါတယ်၊ ဒါ့အပြင် အစိုးရထီရုံးကိုလည်း သတင်းပို့ပြီး ဆုငွေထုတ်မပေးဖို့ သတင်းပို့မယ်လို့ ဆိုပါတယ်။

ထီပေါက်ပြီး ထီလက်မှတ်ပျောက်တဲ့ အဖြစ်မျိုးလောက် ရူမတတ်ခံစားရမယ့်အဖြစ် ရှိနိုင်တော့မယ်မထင်ပါဘူး။


18 Nov 2019     1,326 Views




RELATED

Most Popular of Special or Others

Most Popular of NEWS