BEC-TERO TV

ပြိုင်ဘက်ကစားသမား (၅) ယောက်ကို တစ်ကိုယ်တော် လိမ်ခေါက်ပြခဲ့တဲ့ မက်စီ

19 Nov 2019     1,853 Views


မနေ့ညက နာမည်ကြီး အာဂျင်တီးနားအသင်းနှင့် ဥရုဂွေးအသင်းတို့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်စီဟာ ဥရုဂွေးကစားသမား (၅) ယောက် (၆)ယောက် လာက်ကို တစ်ကိုယ်တော် လိမ်ခေါက်ကာ ဘောကို ဆွဲထုတ်သွားနိုင်ခဲ့တဲ့ ဗီဒီယိုဟာ လူမှုကွန်ယက် စာမျက်နှာမှာ ကြည်ရှူသူ များပြားနေပါတယ်။

မက်စီအတွက် အခုလို လိမ်ခေါက်ကျော်ဖြတ်မှုဟာ မဆန်းပေမယ့် အာဂျင်တီးနားအသင်းနဲ့သွင်းဂိုးတွေ ပြန်လည်မြင်တွေ့လာရတာဟာ ထူးထူးဆန်းဆန်းဖြစ်နေပါတယ်။ ဥရုဂွေးအသင်းနဲ့ ယှဉ်ဆိုင်တဲ့ ပွဲမှာ ၂-၂ ဖြင့်ပွဲပြီးဆုံးခဲ့ပြီး လီယွန်နယ် မက်စီဟာ ပင်နယ်တီကနေ သွင်းဂိုးတစ်ဂိုး ရယူနိင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အပါတ်က ကစားခဲ့တဲ့ ဘရာဇီးလ်အသင်းနဲ့ ကစားတဲ့ပွဲစဉ်မှာလည်း မက်စီဟာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပင်နယ်တီမှတဆင့် သွင်းယူပေးနိုင်ခဲ့ပါတယ်။ဒါကြောင့် မက်စီဟာ အာဂျင်တီနားအသင်းနဲ့ ၂ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဥရုဂွေးအသင်းအတွက် ဂိုးတွေကို ၃၄ မိနစ်မှာ ကာဗာနီနဲ့ ၆၈ မိနစ်မှာ ဆွာရက်ဇ် တို့ကသွင်းယူပေးခဲ့ပြီး အာဂျင်တီးနာအသင်းအတွက် ပွဲချိန် မိနစ် (၆၀) မှာ အဂူရိုနဲ့ အချိန်ပို မိနစ် (၉၀) မှာ မက်စီက ပင်နယ်တီကနေ သွင်းယူပေးခဲ့ပါတယ်။


19 Nov 2019     1,853 Views




RELATED

Most Popular of Football

Most Popular of Sport