BEC-TERO TV

ကားပေါ်မှာဖုန်းအားသွင်းခြင်းကြောင့် ဘက်ထရီနှစ်မျိုးစလုံး ပျက်ဆီးစေနိုင်

19 Nov 2019     1,582 Views


ကားပေါ်ရောက်လို့ ဖုန်းဘက်ထရီကို ကြည့်လိုက်တော့မှ 10% လောက်ပဲ ကျန်တော့တဲ့ အဖြစ်မျိုးကို ကြုံဖူးကြပါသလား..?

ကားမောင်းပြီး ခရီးရှည်သွားရလို့ဖြစ်စေ၊ ကားပေါ်မှာပဲ တစ်နေကုန်နေရတဲ့ လုပ်ငန်းကြောင့်ဖြစ်စေ လက်ကိုင်ဖုန်း အားကုန်သွားတဲ့အခါ USB အားသွင်းပလပ်ခံပြီး ဆေးလိပ်မီးညှိတဲ့နေရာမှာ တပ်ဆင်ကာ ဖုန်းအားသွင်းတတ်တဲ့ အလေ့အထရှိသူများအနေနဲ့ အထူးသတိပြုဖို့ လိုအပ်ပါတယ်။

အခုလိုမျိုးအားသွင်းတာဟာ ဖုန်းရဲ့ဘက်ထရီကို ပျက်ဆီးစေရုံသာမက ကားရဲ့ဘက်ထရီကိုလည်း ပျက်ဆီးစေနိုင်ပါတယ်။ စျေးနှုန်းရော မော်ဒယ်လ်ပါမြင့်တဲ့ ကားအမျိုးအစားတွေကလွဲရင် ကားအတော်များများမှာ ဖုန်းအားသွင်းဖို့ သီးသန့်ပြုလုပ်ထားတဲ့ နေရာမရှိတတ်ပါဘူး။

ဒီအခါမှာ စီးကရက်မီးညှိဖို့ ရည်ရွယ်ချက်နဲ့ ထည့်ပေးထားတဲ့ နေရာကနေ Adapter ခံပြီး အားသွင်းတတ်ကြပါတယ်။ အမှန်တစ်ကယ်တော့ အဲဒီနေရာဟာ ဖုန်းအားသွင်းဖို့ ထည့်ပေးထားတာ မဟုတ်ပါဘူး။ ဒါကြောင့် အားသွင်းတဲ့အခါ အိမ်က မီးပလပ်မှာ ထိုးပြီး အားသွင်းသလောက် ဖုန်းမှာ အားမြန်မြန်မဝင်တာကို တွေ့ရပါလိမ့်မယ်။ ဒီလိုမျိုးအားသွင်းတာဟာ ကားရဲ့ ဘက်ထရီကိုပါ ထိခိုက်စေနိုင်ပါတယ်။

ကားမှာတပ်ဆင်ထားတဲ့ ဘက်ထရီဟာ ကားရဲ့မီးတွေ၊ လေအေးပေးစက်တွေ၊ ရေဒီယိုတွေအပြင် အခြားသက်ဆိုင်တဲ့ လုပ်ဆောင်ချက်တွေအတွက် လျှပ်စစ်စွမ်းအား ထုတ်ပေးရပါတယ်၊ ဒီအချိန်မှာ ဖုန်းအားကိုသွင်းယူနေတာကြောင့် ဘက်ထရီစွမ်းအား ယိုစိမ့်မှုဖြစ်ပြီး သက်တမ်းကို တိုစေပါတယ်။ အထူးသဖြင့် သက်တမ်းကြာနေတဲ့ ဘက်ထရီအိုးတွေမှာ ပိုပြီးထိခိုက်ပျက်ဆီးမှု မြန်စေပါတယ်။

အခုလိုမျိုး ကားပေါ်မှာ ဖုန်းအားသွင်းဖို့ လိုအပ်တဲ့ အခြေအနေမျိုးမှာဆိုရင် အကောင်းဆုံးက ပါဝါဘဏ်(power bank) ကောင်းကောင်းတစ်လုံး ဆောင်ထားခြင်းအားဖြင့် ဖုန်းနဲ့ ကားတို့ရဲ့ ဘက်ထရီကို ထိန်းသိမ်းကာကွယ်ရာရောက်ကြောင်း ဖော်ပြလိုက်ရပါတယ်။

 

Ref: TIME


19 Nov 2019     1,582 Views




RELATED

Most Popular of Special or Others

Most Popular of NEWS