BEC-TERO TV

သြစတေးလျ အခြေအနေဆိုးရွား အနီရောင်အဆင့်ကြေညာထားရ (ရုပ်သံ)

22 Nov 2019     1,459 Views


သြစတေးလျနိုင်ငံတွင် လောင်ကျွမ်းနေသော ချုံရိုင်းတောမီးနှင့် သဲဖုန်မှုန်မုန်တိုင်းများကြောင့် ကောင်းကင်ကြီးတစ်ခုလုံး လိမ္မော်ရောင်သန်းနေပြီး မဲလ်ဘုန်းမြို့ရဲ့ အပူချိန်မှာလည်း ၄၀.၉ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်လာတာကြောင့် အနီရောင်အဆင့် သတိပေးကြေညာချက်များ ထုတ်ပြန်နှိုးဆော်ထားရသည်။

ယခုကဲ့သို့ ချုံတောမီးလောင်ကျွမ်းမှုမှာ ၁၀ နှစ်အတွင်း အဆိုးရွားဆုံးဖြစ်ကြောင်း အနီရောင်အဆင့် ထုတ်ပြန်ကြေညာထားသည်။ နိုဝင်ဘာလ ၂၁ ရက်နေ့က တောမီးနဲ့ ဖုန်မှုန့်မုန်တိုင်းများ နေလည်အချိန်ကြီးတွင် လုံးထွေးတက်လာပြီးနောက် ကောင်းကင်ကြီးတစ်ခုလုံး ဒေါသထွက်နေသလို အနီရောင်အဖြစ် ပြောင်းလဲသွားတာကြောင့် Mildura မြို့ဒေသခံများ အထိတ်တလန့်ဖြစ်ခဲ့ကြရသည်။

ဒေသခံများ၏ အဆိုအရ အိမ်အပြင်ထွက်လိုက်တဲ့အခါ ဖုန်မှုန့်ကမ္ဘာကြီးထဲရောက်သွားသလို ခံစားရပြီး ဘယ်လိုမှ အသက်ရှင်နိုင်စရာအကြောင်းမရှိဘူးလို့ ပြောပါတယ်၊ ကောင်းကင်ကြီးတစ်ခုလုံး မှောင်မည်းပြီး လိမ္မော်ရင့်ရောင်ပြောင်းကာ တေားရိုင်းတိရိစ္ဆာန်တွေရဲ့ အသံတွေတောင် မကြားရတော့ကြောင်း သိရသည်။

ပူပြင်းလှတဲ့ လေထုကြီးဟာ ဗစ်တိုးရီးယားနဲ့ သြစတြေးလျတောင်ပိုင်း တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပါတယ်၊ ဒါ့အပြင် လေနဲ့အတူ တောမီး အစအနတွေလည်း လွှင့်ပါလာပါတယ်၊ မီးခိုးတွေနဲ့ ဖုန်လုံးကြီးတွေဟာ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်တော့မည့်အလား ထင်ယောင်နေရပါတယ်။ ဒီလိုလေနီကြမ်းတွေက တောမီးကို ပိုပြီးအားပေးသလို ဖြစ်နေခဲ့ပါတယ်။

သြစတေးလျတောင်ပိုင်းမှာရှိတဲ့ အိမ်ခြံမြေအဆောက်အဦးတွေ မီးလောင်းကျွမ်းခံခဲ့ရပြီး လူတွေလည်း အသက်ရှုရခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တစ်ပတ်အတွင်းမှာ မီးခိုးဖုန်မှုန်တွေကြောင့် လူပေါင်း ၆၀ လောက် ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်နေကြရပါတယ်။

နောက်ထပ် ချုံပုတ်မီးလောင်ကျွမ်းမှုပေါင်း ၆၀ ကျော်လောက် နယူးဆောက်သ်ဝေး တခွင်လုံးမှာ လောင်ကျွမ်းနေကြောင်း ပြောဆိုကြပါတယ်။

ဖုန်မှုန့်မုန်တိုင်း ဖြစ်ပေါ်မှာတွေဟာ အကြိမ်ရေစိပ်လာကြောင်း၊ ဒါတွေဟာ သဘာဝသယံဇာတတွေကို စီစဉ်မှုညံ့ဖျင်းတာကြောင့်ဖြစ်ပြီး ရာသီဥတုဖောက်ပြန်တဲ့ဒဏ်ကို လူသားတွေခံနေရကြောင်း Mildura မြို့ဒေသခံများက ပြောဆိုခဲ့ပါတယ်။ အသက် ၈၄ နှစ်အရွယ် ဒေသခံအမျိုးသားကြီးတစ်ဦးက ၁၉၄၄-၄၅ ခုနှစ်လောက်ထဲကနေ အခုချိန်ထိ ဒီလောက်ဆိုးရွားတဲ့အခြေအနေမျိုး တစ်ခါမှ မကြုံဖူးခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။


22 Nov 2019     1,459 Views




RELATED

Most Popular of International News

Most Popular of NEWS