BEC-TERO TV

Goo Hara ဈာပနကို ပရိတ်သတ်တွေလာရောက် ကြည့်ရှုလို့ရအောင် စီစဉ်သွားမည်

25 Nov 2019     2,042 Views


ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ အသက် (၂၅) နှစ်အရွယ် သရုပ်ဆောင် ဂူဟားရားတစ်ယောက် နေအိမ်မှာ သေဆုံးနေခဲ့တာကို ရဲဌာနမှ အတည်ပြုကြေညာခဲ့ပါတယ်။

သေဆုံးသွားပြီးဖြစ်တဲ့ ဂူဟားရားအလောင်းကို အသုဘချပြီးနောက် ပရိတ်သတ်တွေ ဈာပနပွဲကို လာရောက်ကြည့်ရှုနိုင်ဖို့ မိသားစုသဘောတူညီချက်နဲ့အတူ စီစဉ်ထားပြီးဖြစ်ကြောင်း အေဂျင်စီက ထုတ်ပြန်ကြေညာလာပါတယ်။

“မိသားစု အနေနဲ့ ဂူဟားရား သေဆုံးတာ သိပြီးတဲ့အချိန် ယမန်နေ့ည ၈ နာရီကတည်းက Yonsei ဆေးရုံ ဈာပနခန်းမကို ရောက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ဂူဟားရားရဲ့ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ဆန္ဒအရ ပရိတ်သတ်တွေ သူမကို လာရောက်နှုတ်ဆက်နိုင်ဖို့ အေဂျင်စီကနေပြီး စီစဉ်ပေးထားပါတယ်။ ဈာပန အခမ်းအနား ကျင်းပသွားမယ့် နေရာကတော့ St.Mary ဈာပနခန်းမ ဖြစ်ပြီး ဒီနေ့ကစလို့ နိုဝင်ဘာ ၂၇ ထိ ပြုလုပ်သွားမှာပါ။” ဆိုပြီး ကြေညာချက် ထုတ်ပြန်လာပါတယ်။

အရင်လတုန်းကမှ Sulli ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာကြောင့် ပရိတ်သတ် ယူကျူံးမရ ဖြစ်နေတာမှ မကြာသေး Sulli သူငယ်ချင်း ဂူဟားရားကပါ ရုတ်တရက်သေဆုံးသွားတာကြောင့် ကိုးရီးယား ပရိတ်သတ်တွေရော ကမာ္ဘတစ်ဝှမ်းက ပရိတ်သတ်တွေပါ ကြေကွဲ ဝမ်းနည်းလျက်ရှိကြပါတယ်။ သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် တမလွန်မှာ ပြန်လည်ဆုံတွေ့နိုင်ကြပါစေလို့ ပိုပိုလေးမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Ref:koreaboo

(ပိုပိုလေး)

 

 


25 Nov 2019     2,042 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS