BEC-TERO TV

အမျိုးသားများ ရင်သားကြီးလာပြီး နို့ရည်များထွက်လာရင် သတိထားပါ (ရုပ်သံ)

26 Nov 2019     2,364 Views


အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သူ့ရဲ့ရင်သားက တစ်နေ့တစ်ခြား အပျို အမျိုးသမီးလေး တစ်ယောက်ရဲ့ ရင်သားကဲ့သို့ ကြီးထွားလာပြီး နို့ရည်များလည်း ထွက်လာတာကြောင့် အလွန်အမင်း ထိတ်လန့် ခဲ့ရပါတယ်။

‘ဝမ်’ လို့ အမည်ရတဲ့ အမျိုးသားဟာ အခုလို ဖြစ်လာတာ ၄ နှစ်ဝန်းကျင်လောက်ရှိပြီဖြစ်ပြီး အခုဆိုရင် သူ့ရဲ့ နို့သီးခေါင်းကနေ နို့ရည်တွေ ထွက်လာတဲ့အတွက် စိုးရိမ်ပြီး ဆေးစစ်ဖို့အတွက် ဟန်ကျိုးမြို့က ဆေးရုံကို ရောက်လာတာဖြစ်ပါတယ်။

သူ့ရဲ့ရင်သားဟာ အမျိုးသမီးရင်သား B-cups လောက် ရှိနေပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကထက် ၂၅ ကီလိုဂရမ်လောက် ပိုကြီးလာတယ်လို့ ဆိုပါတယ်။ ရင်သားပုံစံ ပြောင်းလဲလာတဲ့အတွက် ရှက်ပြီး အားကစားလေ့ကျင့်ရုံသွားတဲ့အခါမှာ အင်္ကျီကြပ်ကြပ် ဝတ်တာတွေ၊ အင်္ကျီမဝတ်ပဲနေတာမျိုးတွေကို အထူးရှောင်ကျဉ်ခဲ့ရပါတယ်။

ဆရာဝန်တွေက ဆေးစစ်မှုတွေလုပ်ပြီးတဲ့အခါမှာ သူ့ရဲ့ဦးနှောက်ထဲမှာ အကျိတ်ရှိနေကြောင်း တွေ့ခဲ့ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ အကျိတ်ဟာ ကင်ဆာဖြစ်စေတဲ့ အကျိတ်မျိုးမဟုတ်ပါဘူး။ ဒါပေမယ့် ဒီအကျိတ်က ဦးနှောက်အောက်မှာ ရှိနေတဲ့ ပစ်ကျူထရီ ဂလင်းကို ဖိအားပေးနေပြီး ရိုလက်တင် လို့ခေါ်တဲ့ နို့ရည်ထုတ်ပေးတဲ့ ဂလင်းကို ပုံမှန်ထက် ၁၀ ဆ လှုံ့ဆော်နေတာကြောင့် အခုလို နို့စူလာပြီး နို့ရည်တွေထွက်လာတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

ပရိုလက်တင်ဟာ အမျိုးသမီးတွေ ကလေးမွေးဖွားပြီးနောက် နိုရည်အဖြစ်ထုတ်လွှတ်ပေးတဲ့ ဂလင်းဖြစ်ပါတယ်။ ဦးနှောက်အကျိတ်ကြောင့် ‘ဝမ်’ ရဲ့ နို့ရည်ထုတ်လုပ်မှုဟာ မိခင်တွေထက် ၅ ဆတောင် ပိုပြီးမြင့်မားနေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ‘ဝမ်’ က ဆရာဝန်တွေအနေနဲ့ အကျိတ်ကို ခွဲထုတ်ပေးဖို့ မျှော်လင့်နေပါတယ်၊ ဒါပေမယ့် ဆရာဝန်တွေကတော့ အကျိတ်ရဲ့ အရွယ်အစားကို သေးငယ်အောင် စားဆေးတွေနဲ့ ကနဦးကုသမှုအနေနဲ့ ကုသဖို့ကို ပိုပြီးစိတ်အားထက်သန်နေပါတယ်။


26 Nov 2019     2,364 Views




RELATED

Most Popular of Special or Others

Most Popular of NEWS