BEC-TERO TV

လေဖြတ်နေတဲ့ အမေအို တိရိစ္ဆာန်လေးများကို သီချင်းဆိုပြရင်း ပြန်ကောင်းလာ (ရုပ်သံ)

28 Nov 2019     1,475 Views


ထိုင်းနိုင်ငံက အမေအိုတစ်ဦးဟာ ဟော်လိုဂစ်တာကို ကိုယ်တိုင်တီးရင်း သူ့ရဲ့အချစ်တော် အိမ်မွေးတိရိစ္ဆာန်လေးတွေဖြစ်တဲ့ ခွေး ၄ ကောင်နဲ့ ကြောင် ၁ ကောင်တို့ကို နေ့စဉ်သီချင်းဆိုပြရင်း မျက်နှာတစ်ခြမ်းလေဖြတ်နေတဲ့ ဝေဒနာသက်သာပျောက်ကင်းလာခဲ့ပါတယ်။

‘မလင်ဒါ’ လို့အမည်ရတဲ့ အမေအိုဟာ ယာဉ်မတော်တဆမှုဖြစ်ခဲ့ပြီးနောက် သူမရဲ့ မျက်နှာ ဘယ်ဘက်တစ်ခြမ်း လေဖြတ်သလို အကြောသေသွားခဲ့ပါတယ်။ သူ့ရဲ့အချစ်တော် တိရိစ္ဆာန်လေးတွေကို ဂစ်တာတီးရင်း သီချင်းဆိုပြတာဟာ အကြောသေသွားတဲ့ မျက်နှာတစ်ခြမ်းကိုလည်း လေ့ကျင့်ခန်းလုပ်နေသလို ဖြစ်စေတယ်လို့ ဆိုပါတယ်။

‘မလင်ဒါ’ သီချင်းဆိုတဲ့အခါမှာ ရှီဝါးဝါးခွေးလေး ‘ဂျူးဂျမ်’ က အဖွားရဲ့ ရင်ခွင်ထဲမှာ ခေါင်းတို့ဝှေ့ပြီး သီချင်းတွေ နာထောင်နေတာကိုတွေ့ရသလို ကြောင်လေးကလည်း သီချင်းတွေလိုက်ဆိုနေတာကို ရုပ်သံမှာ တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် တယ်ရီယာခွေးလေးတွေကလည်း အဖွားရဲ့ သီချင်းသံနဲ့အတူ ညအိပ်ယာဝင်ကြတာကို ချစ်စဖွယ် တွေ့ရပါတယ်။

သူမအများဆုံးသီဆိုတဲ့သီချင်းတွေကတော့ နာမည်ကျော် အင်္ဂလိပ်ဂန္ထဝင်သီချင်း​တွေဖြစ်ပြီး The Beatles သီချင်းတွေ ဆိုတာများပါတယ်။ အဖွားဟာ သီချင်းဆိုကောင်းသလို စန္ဒယားနဲ့ ဂစ်တာကိုလည်း ကျွမ်းကျင်စွာတီးတတ်ပါတယ်။

အခုလို တိရိစ္ဆာန်လေးတွေကို သီချင်းဆိုပြရင်းနဲ့ သူမရဲ့ ရောဂါဟာ ၇၅% လောက် တိုးတက်ကောင်းမွန်လာတယ်လို့ ဆိုပါတယ်။ သူရဲ့ရုပ်သံတွေဟာ ထင်မှတ်မထားပဲ အွန်လိုင်းပေါ်မှာ အလွန်နာမည်ကြီးသွားပါတယ်။ YouTube ပေါ်မှာ ရုပ်သံပေါင်း ၁၀၀ ဝန်းကျင် တင်ထားပြီး စောင့်ကြည့်နားထောင်နေသူပေါင်း ၆ သိန်းခွဲကျော် ရှိနေပါတယ်။

“မလင်ဒါ” ရဲ့အကြောင်းကို ပိုပြီး ထဲထဲဝင်ဝင် သိချင်တယ်ဆိုရင်တော့ သူရဲ့တရားဝင် Facebook စာမျက်နှာကို ဒီနေရာမှာ နှိပ်ပြီး သွားကြည့်နိုင်ပါသေးတယ်။


28 Nov 2019     1,475 Views




RELATED

Most Popular of Special or Others

Most Popular of NEWS