BEC-TERO TV

အင်္ဂလိပ်လို မတောက်တခေါက်ပဲတတ်လို့ စိတ်မညစ်နဲ့ ကမ္ဘာကြီးက ပြောင်းလဲနေပြီ

28 Nov 2019     1,406 Views


အင်္ဂလိပ်လို မတောက်တခေါက်ပဲ ပြောတတ်ဆိုတတ်လို့ စိတ်ညစ်မနေပါနဲ့ ကမ္ဘာကြီးက ပြောင်းလဲနေပါပြီ။ ဘာသာစကားဆိုတာ လူတွေရဲ့ကြားမှာ အချင်းခြင်း ချိပ်ဆက်ပေးတဲ့ အရာတစ်ခုသာ ဖြစ်ပါတယ်။ အင်္ဂလိပ်လို မတောက်တခေါက်ပဲ ပြောတတ်လို့ အထင်မြင်သေးတာဟာ ၂၀ ရာစုနှစ် အလွန်မှာတော့ သဘောထား သေးသိမ်သူတွေရဲ့ မှတ်ချက်တစ်ခုဖြစ်သွားပါပြီ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့က အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ Lubbock မှာ ဖွင့်ထားတဲ့ ‘Thai Thai’ ထိုင်းစားသောက်ဆိုင်လေးရဲ့ ကောင်တာပေါ်မှာ “မင်းအမေရိကားမှာ နေမယ်ဆိုရင် အင်္ဂလိပ်လို ပြောတတ်အောင် သင်ပါ၊ ဒါမှမဟုတ်ရင် ကိုယ်လာခဲ့တဲ့နိုင်ငံ ကိုယ်ပြန်ပါ” ဆိုတဲ့ စာသားလေးကို တစ်ရှုးစက္ကူစပေါ်မှာ ကာစတန်မာတစ်ယောက်က ရေးပြီးထားခဲ့တာကို တွေ့လိုက်ရပါတယ်။

ဒီတစ်ရှုးစက္ကူစလေးကို စားသောက်ဆိုင်ပိုင်ရှင်ဖြစ်တဲ့ Rungsri Rittiluechai မြင်သွားတဲ့အခါမှာတော့ အမုန်းစကားတွေအတွက် အရမ်းစိတ်မကောင်းဖြစ်သွားပါတယ်။ ဒီစက္ကူစလေးကို ဓါတ်ပုံရိုက်ပြီး သူ့ရဲ့ခံစားချက်ကို ရင်ဖွင့်ခဲ့ရာမှာ မမျှော်လင့်ပဲ ဒီပို့စ်လေးကပျံ့နှံ့ခဲ့ပြီး လူပေါင်း ၁၄,၀၀၀ လောက် ဝင်ရောက်ရေးသားသွားတဲ့ ကွန်မန့်တွေကြောင့် သူ့ရဲ့နာကျင်ခံစားမှုတွေ ပြေပျောက်သွားခဲ့ရပါတယ်။

ဒါတင်မကသေးပါဘူး နောက်တစ်နေ့မှာ သူ့ရဲ့စားသောက်ဆိုင်ရှေ့မှာ လူတွေပြည့်နှက်နေပြီး သူ့ဘက်ကနေ ထောက်ခံတဲ့ လုပ်ဆောင်ချက်တွေ ပြုလုပ်ခဲ့ကြပါတယ်။

ဆိုင်မှာလာစားတဲ့ ကာစတန်မာ တစ်ယောက်ဖြစ်တဲ့ Brian Maines က “ကျွန်တော်တစ်ယောက်ထဲတင်မဟုတ်ဘူး ကားပါကင်ထဲမှာတောင် လူတွေပြည့်နေတယ်၊ ဒါဟာတစ်ကယ့်ကို အားတက်စရာပါပဲ၊ ဒါဟာ Lubbock ရဲ့ စည်းလုံးမှုပါပဲ၊ သူလည်းပျော်နေတာကို တွေ့ခဲ့ရပါတယ်” လို့ ဆိုပါတယ်။

ဆိုင်ကိုလာတဲ့ သူအချို့က တစ်ရှုးစက္ကူလေးတွေမှာ သူတို့ရဲ့ သဘောထားလေးတွေကို ရေးပြီး ဆိုင်ရဲ့ ကောင်တာမှာ လာတင်သွားကြပါတယ်။ သူတို့ရေးထားတာတွေထဲမှာ “အင်္ဂလိပ်လို မတတ်လည်း ပြဿနာမရှိဘူး၊ ချစ်ပြီးသား” “မင်းကိုငါတို့ချစ်ပါတယ်၊ Lubbock မှာ မင်းရှိနေတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘာကြောင့်လဲဆိုတော့ တို့ရဲ့လူမှုအဖွဲ့အစည်းကို အများကြီးအထောက်အကူပြုလို့ပါ” စသည်ဖြင့် ရေးသားခဲ့ကြပါတယ်။

အမှန်တစ်ကယ်တော့ Brian Maines ဟာ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ထိုင်းနိုင်ငံထက် အမေရိကန်နိုင်ငံမှာ နေထိုင်ခဲ့တဲ့ နှစ်တွေက ပိုပြီးများပါတယ်။ သူ့အသက် ၂၄ နှစ်အရွယ်ကတည်းက အမေရိကကိုရောက်နေပြီး အခုဆိုရင် အမေရိက က သူ့ရဲ့အိမ်တောင် ဖြစ်နေပါပြီ။

ကျွန်တော့်သားသမီးတွေအကုန်လုံး ဒီမှာမွေးကြတာ၊ Lubbock အထက်တန်းကျောင်းတက်ခဲ့ကြပြီး ဒီတက္ကဆက်မှာပဲ ဘွဲ့ရခဲ့ကြတာပါ။ ဒါဟာ ကျွန်တော့်ရဲ့အိမ်ပါပဲ” လို့ Lubbock သတင်းဌါနကို ဖြေကြားခဲ့ပါတယ်။

သူ့ရဲ့ပိုစ့်အောက်က ကွန်မန့်တွေကိုကြည့်ပြီး စိတ်သဘောထားပြည့်ဝတဲ့ အမေရိကန်တွေ အများကြီး ရှိနေသေးတာကို တွေ့ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်၊ အခုလို အာပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ အင်တာဗျူးရဲ့ အဆုံးမှာ ဖြေကြားခဲ့ပါတယ်။

ဒါကြောင့် အင်္ဂလိပ်လို မတောက်တခေါက်ပဲ တတ်လို့ စိတ်မညစ်ပါနဲ့ အလုပ်ဖြစ်တယ်ဆိုရင် အဆင်ပြေပါလိမ့်မယ် ဒါပေမယ့် သေသေချာချာ ပြောတတ်ရင်တော့ ဘာအတားအဆီးမှ မရှိတော့ပဲ ရဲရဲဝံ့ဝံ့လုပ်ကိုင်နိုင်မှာဖြစ်လို့ အချိန်ရရင် သေချာကျွမ်းကျင်အောင်လည်း လေ့လာဆည်းပူးသင့်ပါတယ်လို့ ပိုပိုလေးက အကြံပြုလိုက်ပါရစေ။


28 Nov 2019     1,406 Views




RELATED

Most Popular of Special or Others

Most Popular of NEWS