BEC-TERO TV

အိမ်ခြေမဲ့မိသားစုများအတွက် ဒေါ်လာသန်း(၁၀၀)နီးပါးလှူဒါန်းခဲ့တဲ့ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး

28 Nov 2019     1,417 Views


ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးက Jeff Bezos ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အိမ်ခြေမဲ့ မိသားစုများအတွက် အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၅ သန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒီလှူဒါန်းငွေတွေကို Jeff Bezos ဟာ သူတည်ထောင်ထားတဲ့ ကူညီထောက်ပံ့ရေး ဖောင်ဒေးရှင်းဖြစ်တဲ့ Bezos Day 1 Fund ကနေ ပေးအပ်သွားမှာဖြစ်ပါတယ်။

ဒီဖောင်ဒေးရှင်းကို Bezos ဟာ ၂၀၁၈ခုနှစ် စက်တင်ဘာလအတွင်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဒေါ်လာ နှစ်ဘီလီယံနဲ့ မတည်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ Bezos တည်ထောင်ခဲ့တဲ့ ဖောင်ဒေးရှင်းဟာ ရည်မှန်းချက်ကတော့ အိမ်ခြေမဲ့ မိသား စုတွေကို ကူညီထောက်ပံ့ဖို့ဖြစ်ပြီးနှင့် ပညာရေးဏ္ဍတွေမှာ  ကူညီပေးဖို့အတွက်ဖြစ်ပါတယ်။

အိမ်ခြေမဲ့ မိသားစုတွေအတွက် နိုင်ငံပေါင်း ၂၃ နိုင်ငံရှိ အဖွဲ့အစည်းပေါင်း ၃၂ ခုကို ခွဲဝေလှူဒါန်းသွားမှာ ဖြစ်ပြီး  အဖွဲ့အစည်း တစ်ခုစီအနေနဲ့ ဒေါ်လာ ၁ ဒသမ၂၅ သန်းကနေ ဒေါ်လာ ၅ သန်းအတွင်း အသီးသီး လက်ခံရရှိမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးက Jeff Bezos ဟာ ပြီးခဲ့တဲ့နှစ်အတွင်းကနေ ခုထိလှူဒါန်းမှု စုစုပေါင်း ဒေါ်လာ (၁၃၁) သန်းရှိခဲ့ပြီးလို့ သိရပါတယ်။ ဒါပေမယ့် Jeff Bezosဟာ  Forbes ရဲ့ဖော်ပြချက်က ပရဟိတ လုပ်ငန်းလုပ်ဆောင်မှုတွင် Ranking အဆင့် (၂၃) တွင်ရပ်တည်နေပါတယ်။

အမေဇုန် စီအီးအို Jeff Bezos ရဲ့ ချမ်းသာကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၁၀၉ ဘီလီယံရှိပြီး ကမ္ဘာမှာ အချမ်းသာဆုံး သူဌေးကြီး ဖြစ်ပါတယ်။ သူ့ရဲ့ နောက်မှာတော့ မိုက်ကရိုဆော့ သူဌေးကြီး Bill Bates က အချမ်းသာဆုံး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

Ref ; CNBC , Forbes


28 Nov 2019     1,417 Views




RELATED

Most Popular of Special or Others

Most Popular of Life Style