BEC-TERO TV

၁ နှစ်သား ကလေး ဂျယ်လီ အတုံးဆို့ပြီး အဖြစ်ဆိုးနဲ့ သေဆုံးခဲ့ရ

29 Nov 2019     1,926 Views


မိဘတွေအနေနဲ့ ကလေးငယ်တွေကို အရမ်းအလိုမလိုက်သင့်ကြောင်း ဒီသတင်းလေးကနေ သင်ခန်းစာယူကြရမှာဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံကအသက် ၁ နှစ်နဲ့ ၁ လ အရွယ် ကလေးလေးဟာ  နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ဂျယ်လီစားပြီးနောက် အစာပြွန်လမ်းကြောင်းထဲမှာ တစ်ဆို့နေ့ခဲ့ပါတယ်။

ဆေးရုံကို အရေးပေါ်ပို့ပေးခဲ့ပေးမယ့် ကလေးဟာ သေဆုံးသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ၂၆ မိနစ်အကြာမှ ကလေးကို အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ ကလေးဟာ အသက်ပြန်ရှင်ခဲ့ပေမယ့် ၂၆ မိနစ်လောက် ဦးနှောက်ထဲ သွေးစီးဆင်းမှုမရှိတဲ့အတွက် အသက်ရှင်နေသော်လည်း ကိုမာရသွားခဲ့ပါတယ်။

ဦးနှောက်ထဲက  သွေးဆဲလ်လေးတွေဟာ ၄ မိနစ်ကနေ ၆ မိနစ်လောက်ထိ သွေးစီးဆင်းမှုမရှိပါက ဆဲလ်တွေရဲ့ လုပ်ဆောင်ချက် ရပ်သွားပြီး တစ်ဖြည့်ဖြည်းနဲ့ နောက်ဆုံးမှာ ဆဲလ်တွေသေသွားမှာ ဖြစ်ပါတယ်။

ကလေးဟာ အတွင်းကလီစာပျက်ဆီးတာတွေ ဖြစ်လာပြီး ဟေမိုဂလိုဖင် သွေးနီဥထုတ်လုပ်မှုလည်း ကျဆင်းလာပြီး ဂလူးကို့စ်နည်းပါးလာတဲ့ လက္ခဏာတွေ ပြလာခဲ့ပါတယ်။ နောက်ထပ် ၂ ရက်မြောက်နေ့ နိုဝင်ဘာ ၂၂ ရက်နေ့မှာတော့ ကလေး သေဆုံးသွားခဲ့ပါတယ်။

အသက် ၆ လ ကနေ ၁ နှစ်ကြား ကလေးငယ် ရှိကြတဲ့ မိဘတွေအနေနဲ့ အောက်ဖော်ပြပါ အစားအစာတွေကို မကျွေးကြဖို့ စားရင်းလုပ်ပေးလိုက်ပါတယ်။

အသီးအရွက်များ

  • ပြောင်းဖူးအစိမ်း
  • ချယ်ရီ၊ ဘယ်ရီ နဲ့ စပျစ်သီး (အလုံးလိုက်)
  • မာကျောတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များ
  • သစ်သီးခြောက် (စပျစ်သီးခြောက်)

ပရိုတိန်း

  • အစေ့အဆံနှင့် မြေပဲပါသောထောပတ် (အလုံးလိုက်၊ အပိုင်းအစ)
  • မာကျောသော (သို့) ကြီးမားသော အသားအတုံး၊ အတစ်
  • အသားညှပ်မုန့်၊ ဝက်/ကြက်အူချောင်း
  • အရိုးပါသောငါး
  • ဒိန်ခဲအတုံးလိုက်

ကောက်ပဲသီးနှံ

  • ကွတ်ကီးစ်
  • အားလူကြော်၊ ပြောင်းဖူးပေါက်ပေါက် နဲ့ သွားရည်စာများ
  • မုန့်ကျွတ်၊ အစေ့အဆံပါ ပေါင်မုန့်
  • ထမင်းနဲ့ ကောက်ပဲသီးနှံ့ အစေ့အဆံလိုက်

မုန့်အချို

  • သကြားလုံး၊ ဂျယ်လီချောင်း၊ လိုလီပေါ့၊ ကပ်စေးသော သကြားလုံး
  • ပီကေ
  • ဂျယ်လီ

အစရှိသည်တို့ကို မကျွေးကြပါရန် မိဘများအား အသိပေးလိုက်ပါတယ်။


29 Nov 2019     1,926 Views




RELATED

Most Popular of Special or Others

Most Popular of NEWS