BEC-TERO TV

ကမ္ဘောဒီးယားအသင်းကို ရှုံးကြွေးပြန်ဆပ်နိုင်မယ့် အခွင့်အရေး ရောက်ရှိလာပါပြီ

02 Dec 2019     1,387 Views


ယနေ့ ညနေ ၆နာရီခွဲအချိန်တွင် အကြိမ်(၃၀)မြောက် ဖိလစ်ပိုင် ဆီးဂိမ်းစ် (ဘောလုံး) မြန်မာအသင်းနဲ့ ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ လက်ရှိအချိန်မျာ မြန်မာအသင်းဟာ ရှုံးပွဲမရှိသေးဘဲ မြန်မာအသင်းဟာ (၂) ပွဲကစားထားပြီး (၁) ပွဲသရေ (၂) ပွဲအနိုင်ရရှိထားပြီး အုပ်စု ပထမနေရာမှာ ရပ်တည်နေပါတယ်။

ကမ္ဘောဒီးယားအသင်းက (၂) ပွဲကစားထားပြီး (၁) ပွဲသရေ (၁) ပွဲအနိုင်ရရှိထားပါတယ်။ Group (A)မှာ ရှုံးပွဲမတွေ့သေးတဲ့ အသင်းနှစ်သင်းတွေ့ဆုံတာဖြစ်တာကြာင့် ပိုစိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲစဉ်တစ်ပွဲဖြစ်မှာပါ။ မြန်မာအသင်းဟာ ကမ္ဘောဒီးယားအသင်းကို အနည်းဆုံး သရေကစားနိုင်ရုံဖြင့် အုပ်စုနောက် တစ်ဆင့်ကို တက်ရောက်သွားနိုင်မှာဖြစ်ပါတယ်။

ကမ္ဘောဒီးယား အသင်းကို အနိုင်ကစားနိုင်ပါက အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်မယ့် အခွင့်အရေးလည်းရရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအသင်းအနေဟာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ အခြေအနေကောင်းတွေပိုင်ဆိုင်နေတယ်လို့ ပြောလို့ရပါတယ်။

မြန်မာအသင်းဟာ ကမ္ဘောဒီးယားအသင်းနဲ ၂၀၁၉ ၊ ၂ လပိုင်းက နောက်ဆုံးတွေ့ဆုံမှုမှာ မြန်မာက ကမ္ဘောဒီးယားအသင်းကို ၂-၀ ဖြင့်ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ရှုံးကြွေးပြန်ဆပ်ခွင့်ရမယ့် အခွင့်အရေးမျိုးလို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် မပေါ့မဆဘဲ ကမ္ဘောဒီးယားအသင်းကို အနိုင်ကစားသွားနိုင်ပါစေလို့ ဆုတောင်ရင်း… ညနေပွဲစဉ်ကို စောင့်ကြည့်အားပေးကြပါစို့..။


02 Dec 2019     1,387 Views




RELATED

Most Popular of Football

Most Popular of Sport