BEC-TERO TV

Ballon d’Or ဆုကို ဘယ်သူရရှိမလဲဆိုတာ ကြိုတင်သတင်းထွက်ပေါ်

02 Dec 2019     1,366 Views


ယနေ့မှာ ချီးမြှင့်မယ့် Ballon d’Or 2019 ဆုအတွက်ကို ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်စီက ရရှိမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ မက်စီနဲ့အပြိုင် လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်လည်း အဆိုပါဆုကို ရရှိဖို့ ရေပန်စားနေပါတယ်။

ဒီဆုကို ရရှိဖို့ မက်စီက ရေးပန်းစားနေမှုအပေါ် ဗန်ဒိုက်က  “ဒီနေ့အတွက် အရှံးဆိုတာ သတ်မှတ်လို့ မရပါဘူး။ နိုင်ငံအသင်းနဲ့ ကလပ်အသင်းအတွက် အကောင်းဆုံးကစားရင်း ဆန်ခါတင်စာရင်းမှာ ပါဝင်ခွင့်ရလို့ ကျေနပ်မိပါတယ်။ ဒီညမှာ ဘာတွေဆက်ဖြစ်မလဲ စောင့်ကြည့်ရတာပေါ့  ” လို့ ပြောကြားခဲ့ပါတယ်။

ထွက်ပေါ်လာတဲ့သတင်းအရ ထိပ်ဆုံး (၅) ဦးမှာ မက်စီ ၊ ဗန်ဒိုက် ၊ရော်နယ်ဒို ၊ မာနေး ၊ အလီဆင် ဘက်ကာ တို့ဖြစ်နေပြီး လီဗာပူးလ်ကစားသမား (၃) ဦးအထိပါဝင်နေတာဖြစ်ပါတယ်။ လီဗာပူးလ် ပရိတ်သတ်တွေကတော့ ဗန်ဒိုက် (သို့မဟုတ်) မာနေးကို ရရှိစေချင်ကြတယ်လို့ သိရပါတယ်။

မက်စီသာ ဒီနှစ်မှာ Ballon d’Or ဆုကို ရရှိခဲ့ပါက (၆) ကြိမ်မြောက်ရရှိသွားမှာ ဖြစ်ပါတယ်။ ပြိုင်ဘက်ကြီးဖြစ်တဲ့  စီရော်နယ်ဒိုထက်လည်သာသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၁၀)နှစ်တာ ကာလတွေမှာ ရော်နယ်ဒိုနဲ့ မက်စီဟာ Ballon d’Or ဆုကို(၅) ကြိမ်စီ ဆွတ်ခူးထားခဲ့ပါတယ်. ပြီးခဲ့တဲ့နှစ်ကတော့ ခရိုအေးရှားနဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ မိုဒရစ်က ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက ပြင်သစ်ဘောလုံးနဲ့ L’Equipe သတင်းစာက၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး ဘောလုံးသမားအယောက် (၃၀) ကို ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး ဘောလုံးသမားအယောက် (၃၀)

Sergio Aguero (Manchester City)

Trent Alexander-Arnold (Liverpool)

Alisson Becker (Liverpool)

Pierre-Emerick Aubameyang (Arsenal)

Karim Benzema (Real Madrid)

Bernardo Silva (Manchester City)

Cristiano Ronaldo (Juventus)

Kevin De Bruyne (Manchester City)

Frenkie De Jong (Barcelona)

Matthijs De Ligt (Juventus)

Roberto Firmino (Liverpool)

Antoine Griezmann (Barcelona)

Eden Hazard (Real Madrid)

Joao Felix (Atletico Madrid)

Kalidou Koulibaly (Napoli)

Robert Lewandowski (Bayern Munich)

Hugo Lloris (Tottenham)

Sadio Mane (Liverpool)

Riyad Mahrez (Manchester City)

Marquinhos (Paris Saint-Germain)

Kylian Mbappe (Paris Saint-Germain)

Lionel Messi (Barcelona)

Mohamed Salah (Liverpool)

Heung-min Son (Tottenham)

 


02 Dec 2019     1,366 Views




RELATED

Most Popular of Football

Most Popular of Sport